အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » သြကာသ ကန်တော့ချိုးပါ လွတ်ကင်းစေရန်အကြောင်း ဆုတောင်းများမှ သိထားသင့်တဲ့အပိုင်းတွေကို တစ်ခုချင်း ရှင်းလင်းစွာ ဖော်ပြလိုက်ပါတယ်...။

သြကာသ ကန်တော့ချိုးပါ လွတ်ကင်းစေရန်အကြောင်း ဆုတောင်းများမှ သိထားသင့်တဲ့အပိုင်းတွေကို တစ်ခုချင်း ရှင်းလင်းစွာ ဖော်ပြလိုက်ပါတယ်...။

Written By MyanmarChnnel@ on Sunday, July 14, 2013 | 8:16 PM

အပါယ်လေးပါး
--------------- (အပါယ=ပျက်စီး၍ကျရောက်အပ်သော ချမ်းသာကင်းရာအရပ်)


၁။ ငရဲ၊

၂။ တိရစ္ဆာန်၊

၃။ ပြိတ္တာ၊

၎။ အသုရကာယ် (အသုရကာယ-ယုတ်ညံ့သောအသုရကာယ်နတ်အပေါင်း)

.


ကပ်သုံးပါး
----------- (ကပ္ပ=သတ္တ၀ါတို့၏အပြစ်ကံအလျောက်စီရင်ခံရခြင်း)


၁။ ဒုဗ္ဘိက္ခန္တရကပ် = အစာရေစာ ငတ်မွတ်ခေါင်းပါးခြင်း

၂။ သတ္ထန္တရကပ် = တိုက်ခိုက်သတ်ဖြတ် စစ်မက်များဖြစ်ပွားခြင်း

၃။ ရောဂန္တရကပ် = အနာရောဂါ ကျရောက်သေကျေ ပျက်စီးခြင်း

.

ရပ်ပြစ်ရှစ်ပါး
------------ (မဂ်ဖိုလ်နိဗ္ဗာန်မရနိုင်သော ဘ၀ဖြစ်တည်မှု)


၁။ ငရဲဘုံ၌ဖြစ်ခြင်း၊

၂။ တိရစ္ဆာန်ဘုံ၌ဖြစ်ခြင်း၊

၃။ ပြိတ္တာဘုံ၌ဖြစ်ခြင်း၊

၎။ အသညသတ်ဘုံ၊ အရူပဗြဟ္မာဘုံ၌ဖြစ်ခြင်း၊

၅။ ပစ္စန္တရစ်အရပ်ခေါ် သာသနာမရှိသောအရပ်၌ဖြစ်ခြင်း၊

၆။ မှားယွင်းသောမိစ္ဆာဒိဋ္ဌိအယူရှိခြင်း၊

၇။ သုဂတိအဟိတ်ပဋိသန္ဓေနေခြင်း (မွေးရာပါ၊ ဆွံ့၊ အ၊ နားမကြားခြင်းစသည်)

၈။ တိဟိတ်ပဋိသန္ဓေ (ခြေလက်အင်္ဂါအစုံအလင်)ဖြစ်သော်လည်း ဘုရားမပွင့်သော ကမ္ဘာ၌ဖြစ်ခြင်း)

.

ရန်သူမျိုးငါးပါး
---------------

၁။ ရေ၊

၂။ မီး၊

၃။ မင်း၊

၎။ ခိုးသူ၊

၅။ မချစ်မနှစ်သက်သူ (အမွေခံသားဆိုးသမီးဆိုး)

.

ဝိပတ္တိတရားလေးပါး
-------------------- (ပျက်စီးခြင်းသို့ရောက်ခြင်းတရား)


၁။ ဂတိဝိပတ္တိ = အပါယ်လေးဘုံ၌ဖြစ်ရခြင်း

၂။ ဥပဓိဝိပတ္တ = ကိုယ်အင်္ဂါချို့ယွင်းသော ခန္ဓာကိုယ်အတ္တဘောကိုရခြင်း

၃။ ကာလ၀ိပတ္တိ = မကောင်းယုတ်မာသော မင်းတို့၏လက်ထက်၌ ကာလဖောက်ပြန်ခြင်း

၎။ ပယောဂ၀ိပတ္တိ = မကောင်းမှုတို့နှင့်အသက်မွေးခြင်း (အသက်မွေးရခြင်း)

.

ဗျသနတရားငါးပါး
------------------ (ပျက်စီးခြင်းတရား)


၁။ ဉာတိဗျသန = ဆွေမျိုးတို့ပျက်စီးခြင်း

၂။ ဘောဂဗျသန = စည်းစိမ်ဥစ္စာများပျက်စီးခြင်း

၃။ ရောဂဗျသန = အနာရောဂါနှိပ်စက်၍ ပျက်စီးခြင်း

၎။ သီလဗျသန = အကျင့်သီလပျက်စီးခြင်း

၅။ ဒိဋ္ဌိဗျသန = မှန်ကန်သည့်အယူဝါဒ ပျက်စီးခြင်း
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်