ဖွင့်ချမပြောတတ်လို့
ငါ့ရင်မှာခံစားရတဲ့ အဖြစ်ကို
မင်းကနားမလည်ခဲ့ဘူး။
မင်းပေးခဲ့သမျှ
ငါ့ရင်ထဲက ဒဏ်ရာတွေ
ခုထိ မကျက်သေးဘူး ။
ချိုသာတဲ့စကားလုံးတွေ နင်
ပြောသမျှ သာယာနေခဲ့မိတယ်...
ခုတော့ ..... ဒါတွေဟာ
အမှားတွေ အမုန်းတွေဆိုတာ
မြင်လာခဲ့ပြီမို့ ဖြစ်ခဲ့ပြီမို့
ငါ အဝေးဆုံးကို ထွက်သွားပါ့မယ်။
ငါတို့နှစ်ယောက်အတွက်
အရာရာတိုင်း ပတ်သက်ခဲ့သမျှ
အားလုံးကပြီးဆုံးခဲ့ပြီပဲ ..
နှုတ်ဆက်ခဲ့ပါတယ်
မင်းကျေနပ်လို့ပျော်မယ်ဆို
ငါ ရင်ကွဲပြီးနေရလဲ ရှိပါစေ
ဂရုမစိုက်နဲ့
မင်းကြိုက်တာကိုရွေးပါ။
ငါ ကြေကွဲခံစားလို့ နေရလဲ
နင်စိတ်ချမ်းမြေ့တယ်ဆို ကျေနပ်ပါတယ်
နင်မမြင်တဲ့ အဝေးကနေ
ခွင့်လွှတ်နားလည်နေမှာပါ။
ဆုလေးနွယ်
0 comments:
Post a Comment