online တက်လာတိုင်း
မနားသေးဘူးလားလို့ အခါခါမေးမိတာက
နင့်မျက်လုံးတွေကို ထိခိုက်မှာ စိုးလို့ပါ..
တွေ့လိုက်တိုင်း နေကောင်းလား
အနားယူပါလို့ အကြိမ်ကြိမ်ပြောမိတာက
နင်နေမကောင်းဖြစ်မှာ ကြောက်လို့ပါ ..
စကားပြောတိုင်း မအားဘူးလားလို့
ခဏခဏမေးမိတာက
နင့်ကို စိုးရိမ်လို့ပါ ။
ပြန်တော့နော် လို့ ထပ်တလဲလဲပြောမိတာက
နင့်ကို သက်တောင့်သက်သာ
အနားယူစေချင်လို့ပါ။
မချစ်လို့မဟုတ်ပါဘူး
ချစ်လွန်းလို့ အထိခိုက်မခံနိုင်တာပါ
အနားမှာ မနေစေချင်လို့မဟုတ်ပါဘူး
နင်တစ်ခုခုဖြစ်သွားမှာကို သွေးပျက်မတတ်ကြောက်လို့ပါ။
နင့်နားမှာ ငါ မရောက်သေးသမျှ
ခုလို ငါ မေးနေပြောနေမိမှာပဲ ချစ်သူရာ....
ဆုလေးနွယ်
နင့်အတွက်ပါဟာ
Written By MyanmarChnnel@ on Sunday, September 29, 2013 | 8:03 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
0 comments:
Post a Comment