နင် မရှိရင် ငါ ဘယ်လိုနေရမလဲလို့
ငါ့ကိုယ်ငါ အကြိမ်ကြိမ်မေးခွန်းထုတ်ရင်း
အဖြေမရှိတဲ့ပုစ္ဆာလို
(no answer) ဖြစ်နေခဲ့တာကြာခဲ့ပါပြီ ။
ချစ်ခြင်းရဲ့အဆုံးမှာ
ခွဲခွာခြင်းဆိုတာ သိပေမယ့်
နင့်တစ်ယောက်ကိုသာ တွယ်တာမိခဲ့တော့
ငါ ရုန်းမထွက်နိုင်တာ မှားတယ်လို့ ၀န်မခံပါဘူး။
** ငါ မရှိလို့ နင် ဘာမှမဖြစ်ပါဘူး ** လို့
နင် ပြောခဲ့မလို့လား .......
ဒါဆိုရင်တော့ နင်မှားသွားပြီ ။
ဟုတ်တယ်....
နင် မရှိလို့ ငါ ဘာမှမဖြစ်ပါဘူး
နင်ထွက်သွားလို့ ငါ မငိုရစ်ပါဘူး
နင် မနေပေးလို့ ငါ မခံစားရပါဘူး
နင့်အတွက် ငါ မကြေကွဲပါဘူး
နင် သွားရာနောက် ငါ လိုက်မလာပါဘူး
ဘာလို့လဲ သိလား ?
နင်ထွက်သွားထဲက
ငါ့နှလုံးသားသေဆုံးသွားလို့
ငါကိုယ်တိုင် မီးသဂြိုလ် ပြာချ ထားပြီလေ ။
ဆုလေးနွယ်
(မသိခဲ့လေသော... )
Written By MyanmarChnnel@ on Monday, September 30, 2013 | 11:57 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
0 comments:
Post a Comment