လိုချင်တိုင်း တမ်းတတိုင်း
တလွဲဖြစ်နေတဲ့ငါ ..
တစ်ခါတစ်ရံ အတွေးချဲ့မိတယ် ။
ဘာတစ်ခုမှ ပိုင်ဆိုင်မှု မရှိတဲ့ငါ
အများအလယ် ယှဉ်မပြိုင်ဝံ့တာ
မဆန်းဘူးပေါ့ ....
တစ်ခါတစ်လေတော့လဲ
ဘာအနှစ်သာရမှ မရှိတဲ့
ကော်ဖီကြမ်းထက်တောင်
ငါ့ဘ၀ကို ဆိုးနေလားလို့
ထင်မိတယ်။
ကော်ဖီကြမ်းတောင်
ခါးသက်သက် အရသာရှိသေး
ငါဆိုတဲ့ ငါက ဘာမှကို မရှိတာ
ငါ့လို ဘာမှမရှိတဲ့သူကရေးတဲ့စာလဲ
ဘာမှ အနှစ်သာရ မရှိဘူးပေါ့
အနှစ်မပါမှတော့ ဟင်း
ကောင်းမယ်တော့ မထင်ပါဘူး လေ ။
ဆုလေးနွယ်
ငါ ...
Written By MyanmarChnnel@ on Monday, September 30, 2013 | 11:57 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
0 comments:
Post a Comment