မချစ်ဘူးလားမေးရင်
ချစ်တယ်
ဘယ်ထိချစ်လဲမေးရင်
မျက်ရည်ကျလောက်အောင် ချစ်တယ်။
မလွမ်းဘူးလား မေးရင်
လွမ်းတယ်
ဘယ်ထိလွမ်းလဲမေးရင်
ဖော်မပြတတ်အောင် လွမ်းတယ် ။
သတိမရဘူးလားမေးရင်
သတိရတယ်
ဘယ်ထိ သတိရလဲမေးရင်
ကိုယ့်နှလုံးသားကို ဆွဲထုတ်ပစ်ချင်လောက်အောင် သတိရတယ် ။
မတမ်းတဘူးလားမေးရင်
တမ်းတတယ်
ဘယ်ထိ တမ်းတလဲမေးရင်
တစ်စစီမှုန့်ပစ်ချင်လောက်အောင် တမ်းတတယ်။
မမျှော်လင့်ဘူးလားမေးရင်
မျှော်လင့်တယ်
ဘယ်ထိ မျှော်လင့်လဲမေးရင်တော့
သတ်ပစ်ချင်လောက်အောင်ကို မျှော်လင့်တယ်။
မရှင်းပြန်ဖတ်သွား လာမမေးနဲ့ ပေါက်တယ်နော် .....
ဆုလေးနွယ်
ဘယ်လောက်ထိချစ်လဲဆိုရင် ....
Written By MyanmarChnnel@ on Tuesday, October 1, 2013 | 9:57 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
0 comments:
Post a Comment