အချစ်ဆိုတာ ဘာရယ်လို့မသိသေးခင်
ယောင်ဝါးဝါး စမ်းသပ်နေဆဲမှာ
အလွမ်းဆိုတဲ့ အပင်က
ဒီရင်အစုံမှာ အမြစ်တွယ်နေခဲ့ပြီ။
ငါ့ရင်ကိုငါ မဆန်းစစ်သေးပဲ
နင့်အနားက ထွက်ခွာလာခဲ့တာ
အဝေးရောက်မှ ငါ မှားသွားမှန်းသိတယ်။
ကန္တာရရဲ့ နွေအလယ်မှာ
ရေသောက်မြစ်မရှိတဲ့ အပင်ငယ်လိုမျိုး
အလွမ်းအတွက် ဖြေစရာမရှိခဲ့တော့
ငါ အရူးတစ်ယောက်လို ဖြစ်နေရတယ်။
ပြန်မတွေ့နိုင်တော့တဲ့ နင့်ကို
အဝေးတစ်နေရာက မှန်းမျှော်ကြည့်ရင်း
ငိုချင်းတွေ ချနေမိတာလဲ အခါခါပါပဲ ....
ငါ မေးလိုက်ချင်တယ်
နင် ကြားအောင် ငါ အော်ပစ်ချင်တယ်
စကားတစ်ခွန်းကိုပေါ့ ....
အချစ်ဆိုတာငါမသိသေးခင်
ဘာလို့ င့ါရင်မှာ အလွမ်းပင်တွေ
လာပျိုးထားခဲ့ရတာလဲ ..... လို့
ဆုလေးနွယ်
ဘာလို့ င့ါရင်မှာ အလွမ်းပင်တွေ လာပျိုးထားခဲ့ရတာလဲ
Written By MyanmarChnnel@ on Tuesday, October 1, 2013 | 9:58 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
0 comments:
Post a Comment