အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ငါသံယောဇဉ်အရှိဆုံး သူစိမ်းတစ်ယောက်

ငါသံယောဇဉ်အရှိဆုံး သူစိမ်းတစ်ယောက်

Written By MyanmarChnnel@ on Saturday, September 28, 2013 | 5:38 AM


ရင်ထဲက မေ့ပျောက်မရသူ..
တွေးလိုက်တိုင်း.. အေးချမ်းစေသူ..
မြင်ယောင်တိုင်း ကြည်နူးစေသူ..
ငါ့မျက်ရည်တွေ လက်လှမ်းမမှီလည်း သုတ်ပေးရှာသူ..
ငါအမြဲသတိရအောင် သံစဉ်တွေ ဖန်တီးပေးသူ..
ငါ့အတွက် အမြဲအသင့်ရှိသူ..
ငါနဲ့ ဆွေမျိုးမတော်လည်း ငါ့ကို ဖော်ရွေသူ..
ငါနဲ့ မနီးခဲ့ဖူးလည်း ငါ့ကို မီးမောင်းထိုးပြသူ..
ငါနဲ့ဝေးတဲ့နေရာကနေ အားပေးပြီး.. နီးစပ်အောင်လည်း ဖန်တီးသေူ..
ငါ့ကို တစ်ရက်မှ မမေ့တတ်သူ..
ငါ့ကို ညတိုင်းလွမ်းတတ်သူ..
ငါ့ငိုသံမကြားလိုသူ..
ငါ့ဘ၀ကို အလှဆင်လိုသူ..
ငါ့အတိတ်ကို နားလည်လက်ခံသူ..
ငါ့အတွက် သူရဲကောင်းလို ကာကွယ်ပေးချင်သူ..
သူဟာ.. ငါ့ကိုဟန်ဆောင်ချစ်တဲ့ သူတွေထက်.. ယှဉ်မနိုင်အောင် အဆပေါင်းများစွာသာသူ..
သူဟာ.. ငါ့မေမေလို ငါ့ကို ကြင်နာတတ်သူ..
သူဟာ.. ငါ့ကဗျာကို ငါနဲ့ထပ်တူချစ်တဲ့သူ..
သူဟာ.. ငါ့သူငယ်ချင်းတွေလို ငါ့အတွက် အသင့်ရှိနေသူ..
သူဟာ.. စမ်းရေလို ကြည်လင်တဲ့အပြုံးနဲ့ ငါ့ရင်ကို ချမ်းမြေ့စေသူ..
သူဟာ.. ငါ့သောကတိုင်းကို သံစဉ်တွေထက် ခိုင်မာတဲ့.. စကားလုံးတွေနဲ့ ဆေးကြောပေးသူ..
သူဟာ.. ငါသံယောဇဉ်အရှိဆုံး သူ..
သူဟာ.. ငါဒီထက်ပိုမဝေးချင်တဲ့ သူ.. .. ..။
(လွမ်းဆောင်း)
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်