ငါမင်းကို မုန်းမှာပေါ့
ငါ့မှမေ့လို့ မရသေးတာ
ငါမင်းကို စိတ်နာမှာပေါ့
ငါမှ မမုန်းနိုင်သေးတာ
ငါမင်းကို စိမ်းကားမှာပေါ့
ငါမှ မလွမ်းပဲမနေနိုင်သေးတာ
ငါမင်းကို ကျောခိုင်းမှာပေါ့
ငါမှ ချစ်လို့မ၀သးတာ
ငါမင်းကို နာကျင်အောင်ပြောမှာပေါ့
ငါမှ မရင့်ကျက်သေးတာ
ငါမင်းကို မမြင်ချင်ယောင်ဆောင်မှာပေါ့
ငါမှ မင်းပုံတွေ မဖျက်နိုင်သေးတာ
ငါမင်းကို ရှောင်ပြေးမှာပေါ့
ငါ့နာကျင်မှုတွေကိုမှ မမြင်စေချင်တာ
ငါမင်းကို မလွမ်းဘူး ပြောမှာပေါ့
ငါ မင်းကို ချစ်တာ နှိုင်းယှဉ်ပြစရာ မရှိတာ ချစ်သူရယ်.....
ဆုလေးနွယ်
နှိုင်းယှဉ်စရာမရှိလို့ပါ
Written By MyanmarChnnel@ on Saturday, September 28, 2013 | 7:59 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
0 comments:
Post a Comment