ကြည့်ပြီး
၁။ ဂေါပါလဥပုသ်-နွားကျောင်းသားဥပုသ်
၂။ နိဂဏ္ဍဥပုသ်- တက္ကတွန်းဥပုသ်
၃။ အရိယာဥပုသ်- စင်ကြယ်သောဥပုသ်
ဆိုပြီး ၃မျိုးရှိတယ်လို့ ဟောထားပါတယ်။
၁။ ဂေါပါလ-နွားကျောင်းသားဥပုသ်ဆိုတာက
နွားကျောင်းသားတွေဟာ ဒီနေ့တော့ နွားတွေကို ဒီတောမှာ ကျောင်းပြီး၊
ဒီချောင်းမှာ ရေတိုက်တယ်။ နက်ဖြန်ကျရင်တော့ ဘယ်တောမှာကျောင်းပြီး၊
ဘယ်ချောင်းမှာ ရေတိုက်ကြမယ်လို့ စီစဉ်လေ့ရှိသလို
ဥပုသ်သည်တွေဟာလည်း
ဒီနေ့တော့ ဘာဟင်း၊ ဘာမုန့်တွေစားပြီး နက်ဖြန် (သို့မဟုတ်) နောက်ဥပုသ်မှာ
ဘာဟင်းချက်စားမယ်လို့ အစားအသောက်ကောင်းတွေ စားဖို့ စဉ်းစားနေတဲ့
ဥပုသ်မျိုးကို နွားကျောင်းသားဥပုသ်(ဂေါပါလဥပုသ်)
လို့ခေါ်ပါတယ်။
တက္ကတွန်းဥပုသ်ဆိုတာက တိတ္တိတက္ကတွန်းတွေ စောင့်သုံးတဲ့ ဥပုသ်မျိုးဖြစ်ပါတယ်။
ဘယ်နှစ်မိုင် အတွင်းမှာ ရှိတဲ့ သတ္တဝါတွေကိုတော့ မသတ်ကောင်း၊
ဒီမိုင်သတ်မှတ်ချက် ဟိုဘက်မှာရှိတဲ့ သတ္တဝါတွေကိုတော့ သတ်ကောင်းတယ်လို့
ဒုစရိုက်မှုပြုလို့ရအောင် ကြံဖန်စောင့်သုံးတဲ့ သီလမျိုး ဖြစ်ပါတယ်။
အရိယာဥပုသ် စင်ကြယ်တဲ့ဥပုသ်ဆိုတာက မြတ်စွာဘုရားဂုဏ်တော်စသည်ကို
အဖန်ဖန်နှလုံးသွင်းပြီး မိမိစိတ်မှာ ကိလေသာအညစ်အကြေး စင်ကြယ်အောင်
စောင့်သုံးတဲ့ ဥပုသ်ဖြစ်ပါတယ်။ ဒီဥပုသ်သုံးမျိုးထဲမှာ နွားကျောင်းသားဥပုသ်၊
တက္ကတွန်းဥပုသ်မျိုး မဖြစ်စေဘဲ အရိယာဥပုသ်မျို ဖြစ်အောင် စောင့်ထိန်းဖို့
သတိပြုကြပါမယ်။
အရိယာဥပုသ်ဟာ ၆မျိုးရှိပါသေးတယ်။
၁။ ရှစ်ပါးသီလ ခံယူပြီး ဘုရားရှင်ရဲ့ အရဟံစတဲ့ ဂုဏ်တော်တွေကို
ဆင်ခြင်အောက်မေ့နေတဲ့ ဥပုသ်ကို ဗြဟ္မဏဥပုသ်လို့ ခေါ်ပါတယ်။
၂။ ရှစ်ပါးသီလခံယူပြီး တရားတော်ရဲ့ သွာက္ခာတစတဲ့ ဂုဏ်တော်တွေကို အဖန်ဖန်
နှလုံးသွင်းနေတဲ့ ဥပုသ်ကို ဓမ္မဥပုသ်လို့ခေါ်ပါတယ်။
၃။ သံဃာတော်ရဲ့ သုပ္ပဋိပန္တွစတဲ့ ဂုဏ်တော်တွေကို အောက်မေ့ဆင်ခြင်နေတဲ့
ဥပုသ်ကို သံဃဥပုသ်လို့ ခေါ်ပါတယ်။
၎။ ရှစ်ပါးသီလခံယူပြီး သီလရဲ့ ဂုဏ်တော်ကျေးဇူးတော်တွေကို အဖန်ဖန်
နှလုံးသွင်းနေတဲ့ ဥပုသ်ကို သီလဥပုသ်လို့ခေါ်ပါတယ်။
၅။ နတ်တွေ ဗြဟ္မာတွေဟာ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာဆိုတဲ့ ဂုဏ်ကျေးဇူးတွေ
ရှိကြလို့ နတ်ပြည် ဗြဟ္မာ့ပြည်မှာ ဖြစ်ကြရတယ်။ ငါ့မှာလည်း
ဒီစင်ကြယ်မွန်မြတ်တဲ့ သီလစတဲ့ ဂုဏ်ကျေးဇူးတွေ ရှိပေသည်ဟု နတ်ဗြဟ္မာတို့ကို
စံထားကာ စောင့်သုံးတဲ့ ဥပုသ်ကို ဒေဝတာဥပုသ်လို့ ခေါ်ပါတယ်။
၆။ ရှစ်ပါးသီလကိုခံယူကာ ရဟန္တာပုဂ္ဂိုလ်တွေဟာ သူ့အသက်ကို လုံးဝမသတ်ဘဲ အမြဲ
ကြင်နာသနားတော် မူကြသလို ငါလည်းသတ်ဖြတ်ညှဉ်းဆဲ ခြင်းမရှိဘဲ
သနားကြင်နာရပေပြီ။ ဤကျင့်ဝတ်ဖြင့် ရဟန္တာတွေကို အတုလိုက်ကာ ကျင့်သုံးရပေပြီ။
ဤသို့စသည်ဖြင့် ဥပုသ်အင်္ဂ`ါ ၈-ပါးလုံးကို ဆင်ခြင်အောက်မေ့
စောင့်သုံးတဲ့သီလကို အဋ္ဌင်္ဂုပေါသထ အင်္ဂ`ါရှစ်ပါးကို ဆင်ခြင်တဲ့ ဥပုသ်လို့
ခေါ်တယ်။
ဥပုသ်သီလခံယူ စောင့်ထိန်းကြတဲ့လူဟာ အထက်မှာပြခဲ့တဲ့ ၆-မျိုးထဲက
တစ်မျိုးမျိုးရအောင် စောင့်သုံးကြဖို့ လိုအပ်လှကြောင်း အသိပေးလိုက်၏။
ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများ
တစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
0 comments:
Post a Comment