နင့်အတွက် ငါ မငိုတော့ဘူးလို့
အံကိုကြိတ်ကာ ဆုံးဖြတ်ထားပေမယ့်
မဖြေသာ ဒီရင်မှာ ဝေဒနာမီးတွေက
တမြေ့မြေ့ကျွမ်းလောင်လေတော့
တိုက်ပွဲကျသူနှယ် .....
အဖော်အဖြစ်ရယ် တမ်းတပေမယ့်
ဒီရင်ကို သူလှည့်မကြည့်လေတော့
နာကျင်စွာ ဖိကိုက်ထားမိပါရဲ့
နီ ရဲရဲ နှုတ်ခမ်းပါးကို .....
မြတ်နိုးစွာ ငါ့အချစ်တွေ ပေးဆပ်သော်လဲ
သူ နဲ့ ငါ ဘယ်သူက မထိုက်တန် တာလဲရယ်တော့
ငါမသိခဲ့ဘူး ....
ကြင်နာသူရယ် ဒီအချိန် ငါလွမ်းနေလို့
အချိန်မှီ ပြန်လာပါ အော်ညည်းနေလဲ
စိမ်းရက်သူ သူ့ထံပါးမှာ
ချောလှသူ မဟေသီများက
ဝိုင်းဖွဲ့နေရာယူ ....
မျက်နှာမွဲ အချစ်တွေနဲ့
ဝေးတစ်နေရာကမှာ ဆွေးနေပါတဲ့
မေ့ အဖြစ်တွေ သူမြင်ရင်တော့
အမုန်းရေစက်မရောက်ခင်
လှမ်းလာပါလို့ တောင်းဆု ပြုရဲ့ .....
ဆုလေးနွယ်
(တစ်ခါတစ်ရံ ရေးကြည့်တာ အဆင်ပြေလားတော့မသိဘူး လိုနေတယ်ဆိုဖြည့်ပေးကြပါနော်... မည်သူကိုမျှ မရည်ရွယ်ပါ )
အံကိုကြိတ်ကာ ဆုံးဖြတ်ထားပေမယ့်
မဖြေသာ ဒီရင်မှာ ဝေဒနာမီးတွေက
တမြေ့မြေ့ကျွမ်းလောင်လေတော့
တိုက်ပွဲကျသူနှယ် .....
အဖော်အဖြစ်ရယ် တမ်းတပေမယ့်
ဒီရင်ကို သူလှည့်မကြည့်လေတော့
နာကျင်စွာ ဖိကိုက်ထားမိပါရဲ့
နီ ရဲရဲ နှုတ်ခမ်းပါးကို .....
မြတ်နိုးစွာ ငါ့အချစ်တွေ ပေးဆပ်သော်လဲ
သူ နဲ့ ငါ ဘယ်သူက မထိုက်တန် တာလဲရယ်တော့
ငါမသိခဲ့ဘူး ....
ကြင်နာသူရယ် ဒီအချိန် ငါလွမ်းနေလို့
အချိန်မှီ ပြန်လာပါ အော်ညည်းနေလဲ
စိမ်းရက်သူ သူ့ထံပါးမှာ
ချောလှသူ မဟေသီများက
ဝိုင်းဖွဲ့နေရာယူ ....
မျက်နှာမွဲ အချစ်တွေနဲ့
ဝေးတစ်နေရာကမှာ ဆွေးနေပါတဲ့
မေ့ အဖြစ်တွေ သူမြင်ရင်တော့
အမုန်းရေစက်မရောက်ခင်
လှမ်းလာပါလို့ တောင်းဆု ပြုရဲ့ .....
ဆုလေးနွယ်
(တစ်ခါတစ်ရံ ရေးကြည့်တာ အဆင်ပြေလားတော့မသိဘူး လိုနေတယ်ဆိုဖြည့်ပေးကြပါနော်... မည်သူကိုမျှ မရည်ရွယ်ပါ )
0 comments:
Post a Comment