အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » တန်ရာတန်ကြေး

တန်ရာတန်ကြေး

Written By MyanmarChnnel@ on Sunday, December 15, 2013 | 6:35 PM

သွားစမ်းပါ
ဒီ အပြုံးတွေရဲ့ နောက်ကွယ်က
မနှစ်မြို့ခြင်းတွေနဲ့ ငါ့ကို မကစားနဲ့
နင်ကစားတဲ့ အရုပ်တစ်ခုမှ ငါ မပါဘူး ။

ပြောလိုက်စမ်းပါ
နင် မချစ်ဘူးလို့ ရဲရဲသာပြောလိုက်စမ်းပါ
ဟန်ဆောင်အချစ်တစ်ခုနဲ့
ငါ့အသဲကို သိမ်းဖို့ မကြိုးစားနဲ့။

ရင်ဆိုင်လိုက်စမ်းပါ
ငါပေးတဲ့ အမုန်းတွေကို
နင် သတ္တရှိရှိပေါ့။

အလိမ်ညာတွေ များတဲ့ မင်းရဲ့စကားသံတွေက
ငါ့နှလုံးသားကို အကြိမ်ကြိမ်သတ်ခဲ့ရုံတင်မကဘူး
နောက်တစ်ခေါက် ထပ်မချစ်ရဲအောင်
နင် သဂြိုလ်ခဲ့တာလေ။

ငါ ပေးတဲ့ အထီးကျန်ခြင်းက
နင့်အတွက်တော့ မလွမ်းလောက်ပါဘူး
နာကျင်စရာတောင် မရှိတဲ့ ဒီ တုံပြန်မှုအတွက်
ငါ့ရှေ့မှာဒူးထောက်စရာမလိုဘူး။

တန်ရာတန်ကြေး နင်ရတာလို့ပဲ ခံယူလိုက်ပါ။




Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်