အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » နင် သိပ်ပျော်မနေနဲ့

နင် သိပ်ပျော်မနေနဲ့

Written By MyanmarChnnel@ on Monday, December 16, 2013 | 9:19 PM

ပထမတစ်ကြိမ် ငါ့ ရိုးသားမှုကို အရောင်ဆိုးခံရတုန်းက
ငါညံ့လို့ပဲ ထားပါတော့

ပထမတစ်ကြိမ် ငါ့ မာနကို ထိပါးခံရတုန်းက
ငါ အ လို့ပဲ ထားပါတော့

ပထမတစ်ကြိမ် ငါ့ ရင်ထဲစွဲမှတ်နေအောင် နာကျင်ရတုန်းက
ငါ စာမတတ်သေးလို့ပဲ ထားပါတော့

ပထမတစ်ကြိမ် ငါ့ ဖြူစင်မှုကို နင်းခြေခံရတုန်းက
ငါ နားမလည်သေးလို့ပဲ ထားပါတော့

ခုတော့ နင် လာမစမ်းနဲ့
ငါ မသိတာမရှိဘူးငါ မတတ်တာမရှိဘူး
ငါ နားမလည်တာ မရှိဘူး ငါ မရက်စက်တတ်တာမရှိဘူး

ငါ့ ကို နင် နိုင်ခဲ့တယ် ဆိုပြီး နင် သိပ်ပျော်မနေနဲ့
နင် ငါ့ဆီက တစ်ခုမရသွားခဲ့ဘူး

ငါ့ အချစ်တွေပဲ ငါ့ရင်ထဲက အချစ်စစ်တွေကို
နင်ဘယ်တုန်းကမှ မရခဲ့ဘူး ။


 
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်