အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » အခွေထွက်တဲ့ နေ့မှာ ပရိသတ်နဲ့ တွေ့ဆုံတဲ့ နေတိုး နဲ့ ရိန်မိုး

အခွေထွက်တဲ့ နေ့မှာ ပရိသတ်နဲ့ တွေ့ဆုံတဲ့ နေတိုး နဲ့ ရိန်မိုး

Written By MyanmarChnnel@ on Monday, December 30, 2013 | 4:50 AM


ဒီဇင်ဘာ ၂၇ရက်နေ့ နေ့ခင်း ၂နာရီက Junction Square မှာ နေတိုးနဲ့ရိန်မိုးတို့ရဲ့
’ဖန်ဆင်းရှင်’ သီ ချင်းခွေ စီဒီကိုစတင်ဖြန့်ချိခဲ့ပါတယ်။ အခွေပရိုမိုးရှင်းအနေ နဲ့ နေတိုးနဲ့ ရိန် မိုးတို့က ပရိသတ်တွေကို အမှတ်တရ လက်မှတ်ထိုးပေးပြီး တေးသီချင်းများ ကို သီဆိုဖျော်ဖြေပေးခဲ့ကြပါတယ်။ 

သီချင်းခွေစီစဉ်မှုနဲ့ပတ်သက်ပြီး နေတိုး က “ဒီအခွေလေးက ပြီးခဲ့တဲ့၂နှစ် အတွင်းရိုက်ကူး ခဲ့တဲ့ဇာတ်ကားတွေ ထဲက ဇာတ်ဝင်သီချင်းတွေ၊ ပရိသတ် ကြိုက်ခဲ့တဲ့ သီချင်းလေးတွေ စုပြီး ပြန်လုပ်ထားတာ၊ တချို့သီ ချင်းလေး တွေကို ဗားရှင်းနည်းနည်းပြောင်း ထားတယ်။

 ခေတ်နဲ့အညီလည်း ဖြစ် ရမယ်ပေါ့။ တအားအဆွေးကြီးလည်း မဟုတ်ဘူး။ ကျွန်တော်ရော၊ ကိုရိန် မိုးရော   တော်တော်ကျေနပ်အားရမှု ရှိတယ်။ ဒီအခွေလေးဖြစ်လာတာ ပရိသတ်ရဲ့ တွန်းအားပေးမှု ကြောင့် ဖြစ်လာရတာပါ။အဲဒီအတွက် ပရိသတ် ကို ကျေးဇူးအများကြီးတင်ပါ တယ်။ 

 ပရိသတ်က ဗီဒီယိုကားတွေထဲမှာပါ တဲ့ သီချင်းတွေကို နားထောင်ချင် တယ်လို့ မပြောခဲ့ရင် ဒီလိုလုပ်ဖို့ စိတ် ကူးရမှာ မဟုတ်ဘူး။ ကိုယ့်အတွက် ရော ပရိသတ် အတွက်ရော အမှတ် တရဖြစ်စေပါတယ်။ ဒီသီချင်းတွေကို အပုဒ်၃ဝလောက်ထဲက သေသေချာ ချာရွေးပြီး ကွာလတီကောင်းကောင်း နဲ့ လုပ်ထားတာပါ။ ဒီအခွေကို တစ်နှ စ် လောက်တော့ကြာအောင် စီစဉ်ခဲ့ရ တယ်” လို့ ပြောပြပါတယ်။


သီချင်းခွေအတွက် ပရိုမိုးရှင်း လက်မှတ်ထိုးပေးရတာက ပထမဆုံး ဖြစ်တဲ့အတွက် တအားရင်ခုန်တယ် လို့ ပြောပြတာကြောင့် “ကျွန်တော်နဲ့ ပရိသတ်ကြား အမှတ် တရတစ်ခု အနေနဲ့ကိုယ်ဝါသနာပါတဲ့ဂီတ အပေါ် လုပ်ခွင့်ရတဲ့အတွက် ဝမ်းသာတယ်။ နောက်နောင်ကိုလည်း အခြေ အနေ အချိန်အခါပေါ် မူတည်ပြီးတော့ ဆက် လုပ် သွားမှာပါ။ ပရိသတ်နဲ့ ဒီလို ထိ တွေ့ပြီးဖျော်ဖြေခွင့်ရတဲ့အတွက် ကျေး ဇူးတင်ပါတယ်။ ရုပ်ရှင်ပရိုမိုးရှင်းပွဲ တွေဆိုရင်ပရိသတ်ကို လက်မှတ်ထိုး ပေးနေကြ ပါပဲ။ 

အခုလည်း ပရိသတ်နဲ့ ထိ တွေ့တာပဲ။ စီးရီးခွေဖြစ်တော့ အတွေ့အကြုံတော့ သိပ်မရှိဘူးပေါ့။ ရင်လည်း ခုန်တယ်။ ကျေလည်းကျေ နပ်တယ်။ ဝမ်းသာရတယ်။ မထွက် ခင်ကတည်း က မျှော်နေတဲ့ ပရိသတ် တွေရဲ့ဆန္ဒလေးကိုလုပ်ပေးနိုင်ခဲ့ တယ်။ အနုပညာနဲ့ပတ်သက် လာရင် ကျွန်တော် တတ်နိုင်သလောက် အကောင်းဆုံးကြိုး စားသွားမှာပါ” လို့   ပြောပြပါတယ်။


သီချင်းခွေမှာ စုစုပေါင်း ၁၂ ပုဒ် ပါဝင်ပြီးဒီသီချင်း တွေထဲမှာ ခံစားချက် နဲ့နီးစပ်တဲ့သီချင်းပါတယ်လို့ပြော ပြ တာကြောင့် “သီချင်းတွေ တော်တော် များများက ဇာတ် ဝင်တေးဆိုတော့ ဇာတ်ကောင်တွေရဲ့ ခံစားချက်တွေ ပေါ့။ ‘ထွက်ပေါက်’ ဆိုတဲ့ သီချင်းလေး ကတော့ ကျွန်တော်ကိုယ်တိုင် ကိုညီ မင်းခိုင်ကိုပြောပြပြီး ရေးခဲ့တဲ့ သီ ချင်းလေးဖြစ်ပြီး ကျွန်တော့်ရဲ့ခံစား ချက်နဲ့နီးစပ်တဲ့ သီချင်းလေးပါ”
 လို့ပြော ပြခဲ့ပါတယ်။


 မန္တလေးက ပရိသတ်တွေအတွက် သီချင်းခွေပရိုမိုးရှင်းကို  ဇန်နဝါရီ ၅ရက်နေ့မှာ မန္တလေးက ပရိသတ်တွေနဲ့တွေ့ဆုံလတ်မှတ်ရေးထိုးဖို့ စီစဉ်ထားတယ် လို့နေတိုး က ပြောပြခဲ့ပါတယ်။ မေမွန်မောင်၊ဓာတ်ပုံ-အောင်ဇော်မင်း


Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်