အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » အကယ်ဒမီပြေးလမ်းပေါ်က တစ်ကြိုပြေးနေတဲ့ အနုပညာရှင်၊ အတတ်ပညာရှင်များ မှ

အကယ်ဒမီပြေးလမ်းပေါ်က တစ်ကြိုပြေးနေတဲ့ အနုပညာရှင်၊ အတတ်ပညာရှင်များ မှ

Written By MyanmarChnnel@ on Monday, December 30, 2013 | 4:54 AM


အကယ်ဒမီမေသန်းနု
”မဆင့်က အကယ်ဒမီဆုနဲ့ အလှမ်းကွာနေတာ ဆယ်နှစ်တောင် ကျော်နေပါပြီ။ အမုန်းမီးတောက်မှာ မဆင့်က ကိုယ်လုပ်ခဲ့တဲ့နေရာကိုတော့ အားရတယ်။ အကယ်ဒမီကတော့ ကံပေါ်မူတည်တာပေါ့။ဒါရိုက်တာကလည်း အသစ်ဆိုပေမယ့် သေသေချာချာ ရိုက်ထားတာလေ။ အဲဒီကားမှာ ခန့် စည်သူက ဂုဏ်ချင်းပြိုင် လို့ ပြော တဲ့အခန်း ၊မဆင့်က နာကျည်းမှုတွေ၊ ဒေါသတွေ၊ မာန်မာနတွေ လျှော့လိုက်တဲ့ အခန်းတွေကို ကြိုက်တယ်။ ဒီဇာတ်ကားမှာ အားလုံးက သူ့နေရာနဲ့ သူ ကောင်းကြတယ်။ လုပ်ကွက်ရကြပါတယ်။ အတော်ဆုံးကတော့ ဒါရိုက်တာပေါ့” လို့ အကယ်ဒမီရင်ခုန်သံကို ပြော ကြားလာသူ ကတော့ မေသန်းနုပဲ ဖြစ်ပါတယ်။
အကယ်ဒမီမေသန်းနုအနေနဲ့ ၁၉၉၂ ခုနှစ်အတွက် ‘မူပိုင်ချစ်သူ’ ရုပ်ရှင်ဇာတ်ကား၊ ၁၉၉၅ ခုနှစ်အတွက် ‘ပုဂံမှာသာတဲ့လ’ ရုပ်ရှင်ဇာတ်ကား၊ ၁၉၉၆ ခုနှစ် အတွက် ‘အလင်းဖျော့ကောင်းကင်’  ရုပ်ရှင်ဇာတ်ကား၊ ၂ဝဝ၁ ခုနှစ်အတွက် ‘ချစ်ခြင်း၏ အခြားမဲ့၌’ ရုပ်ရှင်ဇာတ်ကားတို့ဖြင့် အမျိုးသမီးဇာတ်ဆောင်ဆုတို့ ရရှိခဲ့ပြီး ၂ဝဝ၂ခုနှစ်အတွက် ‘ငါသူတစ်ပါးယောက်ျားမိန်းမ’ ရုပ်ရှင် ဇာတ်ကားတွေနဲ့ အမျိုးသမီးဇာတ်ပို့ဆု ရရှိခဲ့ပါတယ်။ အခုကျင်းပမယ့် ၂ဝ၁၂ ခုနှစ်အတွက် အကယ် ဒမီထူးချွန်ဆုတွင် အကယ်ဒမီဆန်ခါတင်စာရင်းဝင် ‘အမုန်းမီးတောက်” ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီ တစ်ကြိုပြေးနေသူ ဖြစ်သလို အမျိုးသမီးဇာတ်ပို့ဆု ထပ်မံရရှိပါက သူ့ရဲ့ ဒုတိယမြောက် အမျိုးသမီး ဇာတ်ပို့ဆု ဖြစ်လာမှာဖြစ်ပြီး စုစုပေါင်း အကယ်ဒမီ ၆ဆုရှင်အဖြစ် မြန်မာ့ရုပ်ရှင်သမိုင်းတွင် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။



အကယ်ဒမီထွန်းအိန္ဒြာဗို
”အကယ်ဒမီက ရင်ခုန်မှုမရှိပါဘူး။ ဇာတ်ရုပ်က နဝရတ်နေရာပဲလေ။ ကျွန်မအခန်းက သိပ်လည်း မများပါဘူး။ လုပ်ကွက်လည်း သိပ်အများကြီး မရှိပါဘူး။ ပရိသတ်တွေက အကယ်ဒမီရစေချင်တဲ့အတွက် ဝမ်းသာပါတယ်။ တကယ်တမ်းက ကျွန်မရဲ့အခန်းက တအားနည်းပါတယ်” လို့ အကယ် ဒမီရင်ခုန်သံ ကို ပြောကြား လာသူကတော့ ထွန်းအိန္ဒြ ဗိုပဲ ဖြစ်ပါတယ်။
အကယ်ဒမီ ထွန်းအိန္ဒြာဗိုအနေနဲ့ ၁၉၉၉ ခုနှစ်အတွက် ‘နှောင်းတမြေ့မြေ့’ ရုပ်ရှင်ဇာတ်ကား၊ ၂ဝဝ၃ ခုနှစ်အတွက် ‘အမေ့နို့ဖိုး’ ရုပ်ရှင်ဇာတ်ကား၊ ၂ဝဝ၅ ခုနှစ်အတွက် ‘မိုးကုတ်စက်ဝိုင်းကို ကျော်လွန်၍’ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အမျိုးသမီးဇာတ်ဆောင်ဆုတို့ ရရှိခဲ့ပါတယ်။ အခုကျင်းပမယ့် ၂ဝ၁၂ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ အကယ်ဒမီ ဆန်ခါတင် စာရင်းဝင် ‘တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ’ ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီ တစ်ကြိုပြေးနေသူဖြစ်သလို အမျိုးသမီး ဇာတ်ပို့ဆု ထပ်မံရရခဲ့ရင် သူ့ရဲ့ပထမဆုံး အမျိုးသမီးဇာတ်ပို့ဆု ဖြစ်လာမှာဖြစ်ပြီး စုစုပေါင်း အကယ်ဒမီ ၄ဆုရှင်အဖြစ် မြန်မာ့ရုပ်ရှင်သမိုင်းတွင် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။


ချောရတနာ
”ကိုယ်တိုင်လည်း အကယ်ဒမီကို လိုချင်ပါတယ်။ အကယ်ဒမီက နတ်လည်း တအားကြီးတယ်။ အနုပညာသမားတစ်ယောက် ဖြစ်တဲ့အတွက် အကယ်ဒမီကိုလည်း လိုချင် တယ်၊ မျှော်လည်း မျှော်လင့်ပါတယ်။ ကိုယ့်မှာလည်း ကိုယ်ဝန် လွယ်ထားရတဲ့အတွက် စိတ်ထဲမှာတော့ တအားကြီး ဟဲဗီးမထည့်ထားဘူး။ ရသွားရင်တော့ ဝမ်းသာစရာပါပဲ။” လို့ အကယ်ဒမီရင်ခုန်သံကို ပြောကြားလာသူကတော့ ချောရတနာပဲ ဖြစ်ပါတယ်။ ချောရတနာအနေနဲ့ ကျင်းပမယ့် ၂ဝ၁၂ ခုနှစ်အတွက် အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ အကယ်ဒမီ ဆန်ခါတင်စာရင်းဝင် ‘ဥ’ ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီ တစ်ကြို ပြေးနေသူ ဖြစ်သလို အမျိုးသမီးဇာတ်ပို့ဆုရရှိခဲ့ရင်သူ့ရဲ့ ပထမဆုံး အမျိုးသမီး ဇာတ်ပို့ဆုအဖြစ် မြန်မာ့ရုပ်ရှင်သမိုင်းတွင် မှတ်တမ်းဝင်မှာဖြစ်ပါတယ်။


ဒါရိုက်တာအောင်ကိုလတ်
”အခုဒီကယန်းက အကယ်ဒမီ စာရင်းဝင်နေတာပေါ့နော်။ တကယ်တော့ဒီဇာတ်ကားက အကယ် ဒမီရဖို့ထိ မျှော်မှန်းပြီးရိုက်ကူးခဲ့တာ မဟုတ်ဘူး။ စောစောက ပြောခဲ့သလိုလည်း တိုင်းရင်းသားတွေ အပေါ် စေတနာ အရိုးခံထားပြီး အပင်ပန်းခံရိုက်ကူးခဲ့တာ။ တချို့ အကယ်ဒမီ ရဖို့ မျှော်မှန်းပြီး ရိုက် တဲ့ ဇာတ်ကားတွေ ရှိသလို အကယ်ဒမီ ရဖူးတဲ့ကားကို ပြန်လည်ပြင်ဆင်ပြီး ပြန်ရိုက်တဲ့ ဇာတ်ကားတွေလည်း ရှိတယ်။ ကျွန်တော့်ဆန္ဒအရပြောရရင် အကယ်ဒမီကို လုံးဝ မျှော်လင့်မထားဘူး။ မြန်မာနိုင်ငံသား ဒါရိုက်တာ တစ်ယောက်အနေနဲ့ နိုင်ငံကပေးတဲ့ဆုကို လိုချင်တာပေါ့။  နိုင်ငံတကာက ဆုချီးမြှင့်ပြီး အသိအမှတ် ပြုပေးရင်တော့ အတိုင်းထက် အလွန်ပေါ့။ မျှော်လင့်မထားဘဲ ရလာခဲ့ရင် အဲဒီ ဆုလာဒ်က ပိုချိုမြိန်တယ်လေ။ဒီတော့နောက်ဆက်လုပ်မယ့် လုပ်ငန်းစဉ်တွေမှာ ခွန်အားတစ်ခု ဖြစ်တာပေါ့” လို့အကယ်ဒမီ ရင်ခုန်သံကို ပြောကြားလာသူကတော့ ဒါရိုက်တာအောင်ကိုလတ်ပဲ ဖြစ်ပါတယ်။
ဒါရိုက်တာအောင်ကိုလတ် အနေနဲ့ ယခုကျင်းပမယ့် ၂ဝ၁၂ခုနှစ်အတွက် အကယ်ဒမီ ထူးချွန်ဆုတွင် အကယ်ဒမီ ဆန်ခါတင်စာရင်းဝင် ‘ကယန်းအလှ’ ရုပ်ရှင် ဇာတ်ကားဖြင့် အကယ်ဒမီ တစ် ကြိုပြေးနေသူဖြစ်သလို ဒါရိုက်တာဆု ရရှိပါက သူ့ရဲ့ပထမဆုံး အကယ်ဒမီဆု အဖြစ်မြန်မာ့ရုပ်ရှင် သမိုင်းတွင် မှတ်တမ်းဝင် မှာ ဖြစ်ပါတယ်။


ဒါရိုက်တာဝိုင်း
”အစ်ကို့အနေနဲ့ကတော့ မထူးပါဘူး။ အစ်ကိုရိုက်ခဲ့တဲ့ ဇာတ်ကားတွေက ပဏာမစာရင်းဝင်ခဲ့တာပဲဆိုတော့ အစ်ကို့အတွက်က ထူးခြား မှုမရှိပါဘူး။ အကယ်ဒမီ ရသွားမယ် ဆိုရင်တော့ ထူးခြားမှု တစ်စုံတစ်ရာရှိမယ်လို့ ထင်ပါတယ်။ အစ်ကိုအနေနဲ့  အခန်းတိုင်း၊ အခန်းတိုင်းက သုံးပုံနှစ်ပုံလောက်ကတော့ အားရကျေနပ်ခဲ့ရတဲ့ အခန်းတွေပါပဲ။ လက်ပံဇာတ်ကားနဲ့ ပတ်သက်ပြီးတော့ အားရကျေနပ်ရပါတယ်” လို့အကယ်ဒမီရင်ခုန်သံကို ပြောကြားလာသူကတော့ ဒါရိုက်တာဝိုင်းပဲ ဖြစ်ပါတယ်။
ဒါရိုက်တာဝိုင်း အနေနဲ့ ယခုကျင်းပမယ့် ၂ဝ၁၂ခုနှစ်အတွက် အကယ်ဒမီ ထူးချွန်ဆုတွင် အကယ်ဒမီ ဆန်ခါတင်စာရင်းဝင် ‘လက်ပံ’ ရုပ်ရှင် ဇာတ်ကားဖြင့် အကယ်ဒမီ တစ်ကြိုပြေးနေသူဖြစ်သလို ဒါရိုက်တာဆု ရရှိပါက သူ့ရဲ့ပထမဆုံး အကယ်ဒမီဆုအဖြစ် မြန်မာ့ရုပ်ရှင်သမိုင်းတွင် မှတ်တမ်းဝင်မှာဖြစ်ပါတယ်။


ဒါရိုက်တာနေပိုင်
၂ဝ၁၂ခုနှစ်အတွက် အကယ်ဒမီ ထူးချွန်ဆုတွင် အကယ်ဒမီ ဆန်ခါတင် စာရင်းဝင် ‘တိမ်မင်း သမီးရဲ့ ဒဏ္ဍာရီ’ ရုပ်ရှင် ဇာတ်ကားနဲ့ အကယ်ဒမီ တစ်ကြိုပြေးနေ သူဖြစ်သလို ဒါရိုက်တာဆု ရရှိပါက သူ့ရဲ့ပထမဆုံးအကယ်ဒမီဆု အဖြစ် မြန်မာ့ရုပ်ရှင် သမိုင်းတွင်မှတ်တမ်းဝင်မှာဖြစ်ပါတယ်။


Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်