အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ထိုင်းစတိုင် ဝက်သားနှင့်မှိုထမင်းကြေ

ထိုင်းစတိုင် ဝက်သားနှင့်မှိုထမင်းကြေ

Written By MyanmarChnnel@ on Wednesday, December 4, 2013 | 10:27 PM

ဒီနေ့ကျွှန်နော် လွမ်းဆောင်းနဲ့ အတူ ချက်ကြမယ်ဟေ့ကောင်းကောင်း အစီအစဉ်မှာ ထိုင်းစတိုင်
ဝက်သားနှင့် မှိုထမင်းကြော် ကြော်စားကြမယ်နော်။


ပါဝင်သော ပစ္စည်းများ



၁။ ဝက်သား (၁၀)ကျပ်သား

၂။ ကြက်သွန်ဖြူ (၃) မွှာ

၃။ ကြက်ဥ (၂) လုံး

၎။ခရမ်းချဉ်သီး အလုံးကြီး (၁)လုံး

၅။ ထန်းလျက်ခဲ (၁) လုံး

၆။ ငံပြာရည် စားပွဲတင်ဇွန်း (၃) ဇွန်း

၇။ Oyster mushrooms ဟုခေါ်သည့် ခရုပုံသဏ္ဍန်အရိုးရှည်မှို

၈။ပုစွန် (၁၀) ကောင်ခန့်

၉။ ဆန်( ၂) ဗူးချက်ခန့် ထမင်းဖြူ

၁၀။ ထမင်းကြော်ရန် ဆီအနည်းငယ်

၁၁။ ကြက်သွန်မြိတ် (၃)ပင်ခန့်

၁၂။ နံနံပင်အနည်းငယ်

ပြုလုပ်ပုံအဆင့်ဆင့်

၁။ မီးဖိုပေါ်အိုးတင်ကာ ဆီပူအောင်ထားပြီး
 ထို့နောက်ပုစွန်ထည့်ကာ ကြော်ပေးလိုက်ပါ
 ဝက်သားနှင့်ကြက်သွန်ဖြူကို သုံးမိနစ်မျှကြော်ပေးလိုက်ပါ။


၂။ ပုစွန်များအနီရောင်သန်းစပြုလာသည်နှင့် ကြက်ဥဖောက်ထည့်ကာ နှံစပ်အောင် မွှေပေးလိုက်ပါ။


၃။ ပြီးနောက် ထမင်းအဖြူကို ထည့်နိုင်ပါပြီ။ ထမင်းထည့်ပြီး အသားနှင့် ထမင်း နှံ့စပ်အောင် တစ်ချက်၊နှစ်ချက်မျှမွှေပေးပြီးရင် ငံပြာရည်နှင့် ထန်းလျက်ခဲကို ထည့်ကာ အနည်းငယ်ကြော်ပေးလိုက်ပါ။


၎။ ထို့နောက် မှိုနှင့် ခရမ်းချဉ်သီးထည့်ကာ နှံ့စပ်အောင် တစ်ချက်၊ နှစ်ချက်မျှမွှေ ပြီး မီးဖိုပေါ်မှ ဖယ်ရှားကာ အသင့်လှီးထားသော ကြက်သွန်မြိတ်နှင့် နံနံပင်ကို ထည့်၍ အနည်းငယ်မျှ မွှေပေးလိုက်ပါ။


အသင့်စားသုံးနိုင်ပြီးဖြစ်သည့် ကြက်သားနှင့် မှိုထမင်းကြော်


.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥   (လွမ်းဆောင်း)
                    http://lwansulay.blogspot.com/ 
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်