အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » အာသေဝိသောသပ္မ

အာသေဝိသောသပ္မ

Written By MyanmarChnnel@ on Sunday, December 1, 2013 | 8:34 PM





ဒီတရားတော်ကို ကျွန်တော်
နာထားတာ တော်တော်ကြာပါပြီ
မှတ်မိသလောက်ပဲ တင်ရတာမို့
အမှားများပါခဲ့ရင် နားလည်ခွင့်ပေး
ကြပါဗျ


ဒီဇာတ်လမ်းမှာ မင်းဆိုးမင်းယုတ်
အုပ်ချုပ်တဲ့ တိုင်းပြည်တစ်ခုရှိ
ပါတယ်။ တိုင်းပြည်ကြီးနဲ့ မနီးမဝေး မှာတောကြီးတစ်ခုရှိပါ
တယ်။ အဲ့တောထဲမှာ အလွန်
အဆိပ်ပြင်းတဲ့ မြွေဆိုးကြီး ၎
ကောင်ရှိပါတယ်။

အဲ့တိုင်းပြည်မှာပဲ အရမ်းလည်တဲ့ အရူး(ပါး)တစ်ယောက် ရှိပါတယ်။ အဲ့ အရူး(ပါး)
ကိုတိုင်းပြည်ကလူတွေ က
''မင်း နမည်ဘယ်လိုခေါ်လဲ လို့မေးရင်''သူက ''မသိဘူးတဲ့''
''မင်းကဘယ်ကလာလဲ''လို့ မေး
တော့လဲ သူက''မသိဘူးတဲ့''
''ဒါဆိုမင်းဘယ်သွားမလို့လဲ''
မေးတော့လဲ ''မသိပါဘူး''တဲ့
ဗျ '' ဟာဒါဆို
မင်းကအရူးလားလို့''မေးတော့
''ဟာ ကျွန်တော် အရူးမဟုတ်ဘူး''လို့ပြန်ဖြေတယ်။
မင်းကရုပ်ဆိုးတယ်လို့ ပြောရင်
မကြိုက်ဘူးဗျ သူ့ကိုချောတယ်
လှတယ်လို့ပြောရင် သဘောအရမ်းကျတယ်ဗျ
ဘဝင်လည်းမြင့်ပါ့ဗျ

အဲ့ဘဝင်မြင့်တယ့်အရူး ပါးသတင်းကို ဘုရင် ယုတ်က
ကြားတော့ သူ့ရှေ့မှောက်ကိုခစား
ခိုင်းပါတယ်

ဘုရင်ယုတ်က ''ဟေ့ကောင်အရူး
မင်းတိုင်းပြည်အုပ်ချုပ်တဲ့ ဘုရင်ဖြစ်ချင်လား''လို့မေးတယ်

အရူးကချက်ချင်း ပဲ ဘုရင် ဖြစ်ချင်
တယ်လို့ပြန်ပြောပါတယ်
အဲ့တော့ ဘုရင်က''အေးဒါဆို
မင်းကို ဘုရင်ရာထူးပေးမယ်
တောထဲမှာ မြွေထိန်း ပေးရမယ် မင်းလုပ်
နိုင်မလား''ဆိုတော့ ''လုပ်ပါ့မယ်''
လို့ဂတိပေးတယ်

အဲ့ဒါနဲ့ ဘုရင်ယုတ်က
အရူးပါးကိုတောထဲကို မြွေထိန်းဖို့
လွှတ်လိုက်တယ်

အရူးကတောထဲရောက်တော့
သစ်ပင်တစ်ပင်အောက်မှာ
ငါမြွေထိန်းရာထူးလည်းရ ဘုရင်
လည်းဖြစ်ရတော့မယ်ဆို ပြီးတွေး
နေရင်း အိပ်ပျော်သွားတယ်

သူနိုးလာတော့ မြွေဆိုးကြီး၎ ကောင်က သူ့ကိုရစ်ပတ်ထားတယ်

မြွေကလည်း ဘုရင်အဝတ်စား
ပုံစံ ရစ်ပတ်ထားတော့ ''အော်
အလိုက်သိတဲ့ မြွေ ၄ကောင်ပဲ
ငါ့လိုဘုရင်ကိုလေးစားသားပဲဆို
ပြီးပျော်နေချိန်မှာတော့ အများ
အကျိုးကိုလိုလာတဲ့ပုဂ္ဂိုလ် က
''ဟေ့အရူးရေ မင်းကိုပတ်ထားတဲ့
မြွေ၎ကောင် အဆိပ်အရမ်းပြင်းတယ် ၊ သူ့တို
အဆိပ်ငွေ့ထုတ်လိုက်တာနဲ့ မင်း
သေလိမ့် မယ် ဒါကြောင့် ဒီမြွေတွေ ဝေးတဲ့နေရာ ကိုထွက်
ပြေးတော့'' လို့ပြောမှ အရူးလည်း
အရမ်းကြောက်ရွံပြီး လွတ်ရာကို
ပြေးတယ်

တော်တော်ပြေးလာတော့ အရူး
လည်းလွတ်ပြီထင်ပြီး သစ်ပင်တစ်ပင်အောက်မှာနားခို
ပါတယ်။

အရူးထွက်ပြေးတာဘုရင်ယုတ်ကသိတော့ အရူးကိုသတ်ဖို့လူသတ်
သမား၅ ယောက်နဲ့ လူယုံ(ငယ်ပေါင်း)
တစ်ယောက်ကိုထည့်ပေး
လိုက်ပါတယ်။အရူးကို လူယုံနဲ့
ချော့ပြီးမှ သတ်ခိုင်းပါတယ်။

အဲ့အချိန်မှာ အများအကျိုးလိုလား
သောပုဂ္ဂိုလ်က အရူးရေ
'' မင်းမနားနဲ့အုံး မင်းမလွတ်သေးဘူး ၊ မင်းကိုသတ်ဖို့ မြွေ၎ကောင်နဲ့
လူသတ်သမား၅ရယ် လူယုံ
လိုက်လာနေပြီ ပြေးတော့ ပြေးး
ပြေးး''လို့ပြောပြန်တော့ အရူးလည်းကြောက်ကြောက်နဲ့
ထွက်ပြေးရပြန်ကော

အရူးလည်းပြေးရင်းနဲ့ ပဲ ရွာအပျက်
ကြီးတစ်ခုမှာရှိတဲ့ အိမ်အပျက်၆ လုံးအနားကိုရောက်သွားပါတယ်

အဲ့လိုအချိန်မှာပဲ အရူးနားမလို့
ကြံစည်တုံး မှာ ဓားမြ ၆ ဦး
ကဓားမြတိုက်ပြီးပြန်လာတော့
အရူးကိုတွေ့တော့ လိုက်သတ်
ကြပြန်ရောဗျ

အရူးလည်းပြေးရင်းရင်းနဲ့
ကမ်းစပ်ကိုရောက်ပါတယ်

ထိုအချိန်မှာ အများအကျိုးလိုလား
သောပုဂ္ဂိုလ်က ''ကဲအရူးရေ
မင်းဒီဘက်ကမ်းမှာနေရင်တော့
မင်းသေရလိမ့်မယ် ၊ ဟိုတစ်ဖက်
ကမ်းကိုရောက်အောင်ပြေး
ဒါဆိုရင် မင်းမသေတော့ဘူး''
ဟိုမှာ ဝါးလုံး ၈ လုံး အဲ့ဒါကိုဖောင်
ဖွဲ့ပြီး ဟိုဘက်ကမ်းကိုပြေးပါတော့
လို့ပြော တော့မှ အရူးလည်းဖောင်ဖွဲ့ပြီး ထွက်ပြေးတော့ ဟိုဘက်ကမ်းကို ရောက်သွားပါတော့ သတည်းး

နိဂုံးအချုပ်ဆိုရသော် လောဘ၊
ဒေါသ၊မောဟ တို့နှင့်ရူးနေတဲ့
ပါးနပ်တဲ့အရူးကတော့ ခန္ဓာရ
ထားတယ့်ကျွန်နော်တို့ပါ။သူများက မကောင်းပြောရင် မကြိုက်တဲ့သူပေါ့ ။အရူးကိုအရူးလို့ပြောရင်လည်
ကျွန်တော်တို့ မကြိုက်ကြပါဘူးဗျ
(ကျွန်တော်စကားပြောရိုင်း သွားရင် ကန်တော့ တောင်းပန်ပါတယ်ဗျာ)ဓမ္မအနေနဲ
မြင်ပေးဖို့ ရိုရိုသေသေတောင်းပန်
ပါတယ်ခင်ဗျ

မြွေဆိုးလေးကောင်ကတော့
ဓာတ်ကြီး၎ ပါးကိုပြောတာပါ။
ခန္ဓာရထားတဲ့ ပုဂ္ဂိုလ်မှန်သမျှ
ဓာတ်ကြီး၎ ပါးရဲ့ ဖောက်ပြန်ဖျက်ဆီးမှု ကိုခံရစမြဲပါ

လူသတ်သမား၅ဦးဆိုတာ ကတော့
ခန္ဓာ၅ကိုပြောတာပါ
ပဋိစသမုတ်ပါတ်နည်းနဲ့ဆိုရင်
ဝိညာဏ်၊နာမ်ရုပ်၊သဠာယတန၊
ဖသ၊ဝေဒနာ
အဘိဓမ္မာနည်းဆိုရင်တော့
ရူပက္ခန္ဓာ(ရုပ်၂၈ပါး)
ဝေဒနာခန္ဓာ(ဝေဒနာစေတသိတ်)
သညာက္ခခန္ဓာ(သညာ ။ )
သင်္ခါရခန္ဓာ(စေတသိတ်၅၀)
ဝိညာဏက္ခန္ဓာ(စိတ်)တို့ပါ
အားလုံးကတော့ အချိန်နဲ့အမျှဖောက်ပြန်ပျက်စီး
နေပါတယ်ဗျ။ ဘုရားဟောကျမ်း
တွေမှာဆို လက်တစ်ဖျစ်တီး
အချိန်တစ်စက္ကန့်မှာ စန်းမကပျက်တယ်လို့ကြားဖူးပါတယ်လို့

နောက်တစ်ခုကတော့ငယ်ပေါင်း
လူယုံ ဖြစ်တဲ့တဏှာပါ ။
သားတို့ ဘဝသံသယာတစ်ခု
လုံး တဏှာရဲ့ အယုံသွင်းမှုတွေ
ကြောင့်နစ်မျောပြီး လည်ခဲ့ရတဲ့
ဘဝတွေ မနည်းတော့ပါဘူး

အိမ်ပျက်ကြီး၆လုံးဖြစ်တဲ့ အတွင်း
အာယတန၆ ပါးနဲ့ ဓါးမြ၆ ယေက်
ဖြစ်တဲ့ အပြင်အာယတန ၆ ပါးတွေကြောင့် 
အခံဓာတ်+အတိုက်ဓာတ်=အပွင့်
ဓာတ်တွေဖြစ်တော့  မြင်စိတ်တွေ
ကြားစိတ်တွေ ဖြစ်တော့ ဖသတွေ
ဝေဒနာ နဲ့ဆက်တိုက်ဒုက္ခပေးတော့မှာပ

ခေါင်းဆောင်ကြီးဖြစ်တဲ့ဘုရင်ယုတ်
ဖြစ်တဲ့ အဝိဇ္ဇာကြောင့် ကိလေသာ
လဲမသိ ကုသိုလ်လည်းမသိ ရုပ်မှန်း
နာမ်မှန်း လည်းမသိငါသူတွေစွဲလာ
ခဲ့တာ အခုထိပါပဲနော်
သူ့ခေါင်းဆောင်မှုကြောင့် သံသရာ
ရှည်ခဲ့ရောပေါ့

အများမကျိုးကိုလိုလားလွန်းတဲ့
မြတ်စွာဘုရားရှင်နဲ့ တွေ့ခဲ့ရတယ့်
ကျွန်တော်တို့အဖို့ ဘုရားပေးတယ့်
သတိပဌာန်တရား ကိုလက်ကိုင်ထားပြီး
ဝါး၈လုံးဟူသော မဂ္ဂင် ၈ပါးဖောင်ကိုစီးလျှက် ဆင်းရဲမှုတွေကင်းစိတ်နေတယ့်
နိဗ္ဗာန်ဆိုတဲ့တစ်ဖက် ကမ်းဘက်
ရောက်အောင်သွားကြပါစို့ဗျာ

(facebook မှ ပြန်လည်ကူးယူမျှဝေပါသည်။)
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်