အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » , » ဇာလိယသုတ်တော်လာ ဘာသာခြား ဇာလိယ+မုဏ္ဍိယ-တို့၏ သဿတ၀ါဒ+ဥစ္ဆေဒ၀ါဒ-များကို မြတ်ဗုဒ္ဓဖြေရှင်းခဲ့ပုံကို လေ့လာအကဲခက်ခြင်း

ဇာလိယသုတ်တော်လာ ဘာသာခြား ဇာလိယ+မုဏ္ဍိယ-တို့၏ သဿတ၀ါဒ+ဥစ္ဆေဒ၀ါဒ-များကို မြတ်ဗုဒ္ဓဖြေရှင်းခဲ့ပုံကို လေ့လာအကဲခက်ခြင်း

Written By MyanmarChnnel@ on Tuesday, January 21, 2014 | 6:03 PM


ဇာလိယသုတ်တော်သည် ဇာလိယမည်သော ပရဗိုဇ်ကိုဦးတည်၍ ဖြေရှင်းဟောကြားထားသော သုတ္တန်ဒေသနာတော်ဖြစ်ပါသည်။ ဤသုတ်တော်ကို ၀ံသတိုင်း၊ ကောသမ္ဘီမြို့ရှိ ဃောသိတာရုံကျောင်းတော်၌ မြတ်ဗုဒ္ဓသီတင်းသုံစဉ် ဟောကြားခဲ့ပါသည်။

(ကောသမ္ဘီ-မှာ ယခုအခါ အလဟာဘတ်မြို့-မှ (၃၈)မိုင်၊ ဗာရဏသီ(ဗနာရက်ဆ်)မှ ရေကြောင်းခရီး(၂၃၀)မိုင် အကွာရှိ ရှေးအခေါ် ယမုနာ ယခုအခေါ် ဂျူမနာ (Jumana) မြစ်ကမ်းတွင်တည်ရှိသော ကောဆမ် (Kosam) ခေါ် ရွာငယ်ကလေး ဖြစ်နေပါသည်။)

ဤသုတ်ကိုဖြစ်ပေါ်စေသော ဇာလိယနှင့်မုဏ္ဍိယ-တို့သည် ပရဗိုဇ်များဖြစ်ကြသည်။ ပရဗိုဇ်-ဟူသည်မှာ ပရိဗ္ဗာဇက-ပါဠိမှ ဆင်းသက်လာသောစကားဖြစ်၍ လူဝတ်ကြောင်မှ စွန့်ခွါလာသော သာသနာအပြင်ဘက် တိတ္တိယရဟန်း-ဟု အဓိပ္ပါယ်ရှိပါသည်။

ဗုဒ္ဓ၀ါဒီတို့၏ အသုံးအနှုန်းအစဉ်အလာမှာ ဗုဒ္ဓ၏တပည့်သာဝကများကိုသာ သာမဏေရ၊ ရှင်၊ ကိုရင်၊ သာမဏေ၊ ရဟန်း၊ ဦးပဉ္ဇင်း၊ ဘုန်းဘုန်း၊ ဘုန်းကြီး၊ ဆရာတော်-ခေါ်၍ ဗုဒ္ဓ၏ဆန့်ကျင်ဘက် ဆိုးထည်ဝတ်ရဟန်းတစ်မျိုးကို ပရဗိုဇ်-ဟုခေါ်ပြီးလျှင် အ၀တ်မ၀တ်သော(သို့မဟုတ်) အ၀တ်ဖြူဝတ်သော ဂျိန်းဘာသာဝင်ရဟန်း စသည်များကို အစေလက, နိဂဏ္ဍ, တက္ကတွန်း-ဟူ၍ ခေါ်လေ့ရှိပါသည်။

ဇာလိယနှင့်မုဏ္ဍိယ-တို့သည် လောကအခေါ်အားဖြင့် ရဟန်းများပင်ဖြစ်ကြသည်။ သူတို့က ဗုဒ္ဓဂေါတမ-သည်လည်း သူတို့ကဲ့သို့ပင် ရဟန်းတစ်မျိုးဖြစ်သည်ဟု ယူဆပြီးလျှင် ဗုဒ္ဓဂေါတမ-အား ၀ါဒတင်၍ (၀ါဒယဉ်ပြိုင်၍) အနိုင်ယူမည်ဟု သဘောပိုက်ကာ ဗုဒ္ဓထံ ရောက်လာကြခြင်းဖြစ်ပေသည်။

ထို့ကြောင့် သူတို့သည် ဗုဒ္ဓဂေါတမ-အား မည်သို့ပင်ဖြစ်စေကာမူ အစွန်းမလွတ်နိုင်သော နှစ်ဘက်ချွန်ပြဿနာကို စီမံဖန်တီး၍ မေးလျှောက်ကြခြင်းဖြစ်ပေသည်။

သူတို့၏ပြဿနာမှာ အသက်နှင့်ကိုယ်သည် အတူတူလော၊ သို့မဟုတ် တစ်ခြားစီလော- ဟူသော ပြဿနာပင်ဖြစ်သည်။

အသက်နှင့်ကိုယ်သည် အတူတူဖြစ်သည်ဟု ဖြေဆိုပါက … ရုပ်ပျက်စီးသေပျောက်လျှင် အသက်လည်း ပျက်စီးပျောက်ကွယ်၍ သတ္တ၀ါပျက်ကြောင့်-
“အသင်၏၀ါဒမှာ ဥစ္ဆေဒ၀ါဒ (အပြတ်ဝါဒ) ဖြစ်နေပါသလော”ဟု ၀ါဒတင်ကြမည်။

အသက်နှင့်ကိုယ်သည် တစ်ခြားစီသာဖြစ်သည်ဟု ဖြေဆိုပါက ရုပ်-ကိုယ် ပျက်စီးသော် အသက်(ဇီဝ)သည် မပျက်မစီး တည်နေရစ်သည်ဟု ဆိုရာရောက်သောကြောင့်…
“အသက်၏၀ါဒမှာ သဿတ၀ါဒ(အမြဲတည်ဝါဒ)ပင် ဖြစ်နေပါပကော”ဟု ၀ါဒတင်ကြမည်ဟု အကြံပြုထားကြလေသည်။

ဇာလိယတို့၏အယူအဆတွင် အသက်(ဇီဝ)သည် သတ္တ၀ါဖြစ်သည်ဟု ယူဆပုံကို အရှင်ဗုဒ္ဓဃောသဆရာက ဖွင့်ဆိုထားပေးခဲ့သည်။ သဿတ၊ ဥစ္ဆေဒ မည်သည့်ဝါဒရှိကြောင်းကိုကား.. စကားရိပ်မထင်ခဲ့ပေ။

အမှန်အားဖြင့် အသက်ဆိုသည်မှာ ဇီဝိတိနြေ္ဒ(ခေါ်)အသက်ရှင်သန်နေမှု၏ ခေါင်းဆောင်တရားဖြစ်၍ ကိုယ်ဆိုသည်မှာ အသက်၏မှီရာ တွဲဘက်ရုပ်အစုတရားပင် ဖြစ်ပါသည်။ အသက်ဆိုသော ဇီဝိတိနြေ္ဒ-မှာ ဤအရာမျိုး၌ နာမ်တရားကို ယူသင့်သည့်အလျောက် တွဲဘက်နာမ်တရားများကိုပါ အသက်ဟုပင် သာမညအားဖြင့် ခေါ်ဆိုရလေသည်။ အသက်ဝိညာဉ်ဟူသောစကားသည် ဤအဓိပ္ပါယ်ကို ဖော်ပြရသည်။

တစ်ဖန် ရုပ်-ကိုယ်၌လည်း ဇီဝိတရုပ်(ခေါ်) ရုပ်တရားတို့၏ အစောင့်အရှောက် တရားတစ်မျိုးရှိသေးသည်။ အမှန်အားဖြင့် ရုပ်သက်မှာလည်း ရုပ်သက်၊ နာမ်သက်မှာလည်း နာမ်သက်ရှိသည်ကို အဘိဓမ္မာဒေသနာတော်၌ အတိအကျ ဟောထားသည်ကို တွေ့ရပါသည်။

ဇာလိယ-တို့၏ စိတ်နေသဘောထား အကြံအစည်ကို သိနေသော မြတ်ဗုဒ္ဓသည် စကားစဖော်ပြီး ပြဿနာဖြစ်လာမည့်အဖြေမျိုးကို ရှောင်ရှားတော်မူ၍ အသက်-ကိုယ်ဟူသော အစွဲအလမ်းဖျောက်မည့် ကျင့်စဉ်နည်းလမ်း၏ လမ်းစကိုသာဖော်ပြ၍ ပြေလည်စေခဲ့ပါသည်။

ဤအဖြေကိုထောက်လျှင် ဇာလိယ-တို့သိထားသော အသက်နှင့်ကိုယ်မှာ ဗုဒ္ဓ၀ါဒအဘိဓမ္မာနည်းအရ အသက်+ကိုယ်မျိုးမဟုတ်ဘဲ အတ္တစွဲဖြင့် ထင်မြင်စွဲလမ်းနေသော အသက်+ကိုယ်မျိုးသာဖြစ်ကြောင်း ထင်ရှားနေပါသည်။

ဤအချက်ကို ကောင်းကောင်းသဘောပေါက်လျှင် နာမ်+ရုပ်ကို ခွဲခြားသိမြင်သော နာမရူပပရိစ္ဆေဒဥာဏ်ကိုရပြီးဖြစ်ပေလိမ့်မည်။ ဤနာမရူပပရိစ္ဆေဒဥာဏ်ကို ရလျှင်လည်း ၀ိသုဒ္ဓိ(၇)ပါးတို့တွင် ဒိဋ္ဌိဝိသုဒ္ဓိဖြစ်၍ အယူစင်ကြယ်ပြီးဟု ဆိုနိုင်ပေသည်။

ဗုဒ္ဓ၀ါဒီစစ်စစ်ဖြစ်လိုသူတို့သည် ဤဒိဋ္ဌိဝိသုဒ္ဓိဖြစ်မှုကို ကြိုးစား၍ ဝေဖန်သုံးသပ်သင့်ပေသည်။

သီလ၊ သမာဓိ၊ ပညာနှင့်ပြည့်စုံ၍ ရုပ်+နာမ်-ကို အမှန်အတိုင်းသိမြင်လျှင် အသက်+ကိုယ်ဟူသော အတ္တဒိဋ္ဌိ(သို့မဟုတ်)သက္ကာယဒိဋ္ဌိသည် အလိုလိုပင် ပျောက်ကင်းသွားပါလိမ့်မည်။

ယနေ့ ကမ္ဘာပေါ်တွင်ထွန်းကားနေသော ဘာသာအသီးအသီးတွင် အတ္တဒိဋ္ဌိ (သက္ကာယဒိဋ္ဌိ)အစွဲ ရှိနေကြသည်ကို တွေ့ရပေမည်။ ဗြဟ္မဏ၀ါဒ၌ မဟာဗြဟ္မာနှင့် အတ္တ၀ိညာဉ်၊ ခရစ်ယာန်ဘာသာနှင့်အစ္စလာမ်ဘာသာတို့၌ ထာဝရတည်သော (သဿတ၀ံသ)ထာဝရဘုရားများ တည်ရှိနေသည်။

ယနေ့ တိုးတက်သောသိပ္ပံပညာနှင့် စူးစမ်းလေ့လာမှု သုတေသနပြုမှုတို့က အကြောင်းကြောင့် အကျိုးဖြစ်မှု၊ ထာဝရတည်သော သဘာဝဟူ၍မရှိ၊ ဖြစ်+ပျက်သဘာဝနှင့် သွားနေသည်ကို ထုတ်ဖော်ပြောနေရာ ဗုဒ္ဓ၏ ဇာလိယ-တို့အား အသက်နှင့်ကိုယ်ဆိုသည်မရှိ၊ ဖြစ်+ပျက်-ရုပ်+နာမ်သဘာဝသာ ရှိသည်ဟူသော ဖြေရှင်းချက်သည် ယနေ့ခေတ် သိပ္ပံပညာနှင့် တစ်ထပ်တည်းကျနေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း လေ့လာသုံးသပ် အကဲခက်မိပေသည်။

(ဒီ၊ဋ္ဌ၊၁။၂၈၇။)
(ဆရာကြီးဦးကိုကိုမြိုင်၏ သုတ်သီလက္ခန်ခေတ်လေ့လာနည်းသင်ခန်းစာ
သု၊လေ့၊၃။၇၅/၇၆/၇၇/၇၈/၇၉/။)
(သီ၊ဋီ၊သစ်၊၃။)

…………………………………………………………………………………………………………

မှတ်ချက်// အထက်ပါ ခန္ဓာကိုယ်+စိတ်တို့၏ အင်အားနှင့် ရပ်တည်ပုံ၊ ကွဲပြားပုံ-စသည် အကြောင်းတို့ကို ဦးဇင်း၏ ဤဆိုဒ်ထဲကအိမ်ရှိ ဘလော့ဂ်ကဏ္ဍ “စိတ်ကိုလိုက်ပါ စီးနင်းခြင်း- ပထမပိုင်း၊ ဒုတိယပိုင်း၊ တတိယပိုင်း”တို့ကို ထပ်မံဖတ်ရှုကြည့်မည်ဆိုပါက ပိုမိုရှင်းလင်းစွာ သဘောပေါက်နားလည်နိုင်မည်ဖြစ်ပါကြောင်း မေတ္တာ,စေတနာရှေ့ထား၍ ညွှန်ပါလိုက်ပါသည်….

ဗုဒ္ဓမြတ်စွာ ၊ သာသနာ ၊ ရောင်ဝါနေထက် လင်းပါစေ…။

အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်