အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » , » ကြက်သွန်နီ၏ ကျန်းမာရေး အကျိုးကျေးဇူး

ကြက်သွန်နီ၏ ကျန်းမာရေး အကျိုးကျေးဇူး

Written By MyanmarChnnel@ on Friday, February 7, 2014 | 7:03 PM


ကြက်သွန်နီ လှီးရင် မျက်ရည်ကျ ရလို့ ဆိုပြီး ဟင်းလျာထဲ ထည့်မချက်ဘူး လို့များ စိတ်မကူး လိုက်ပါနဲ့။ ကြက်သွန်နီက သင့် ကျန်းမာရေး အတွက် ကောင်းမွန် စေနိုင်တာ ကြောင့်ပါ။ ကြက်သွန်နီမှာ အစွမ်းထက် ဆာလဖာ ဒြပ်ပေါင်းတွေ ပါဝင် နေတာကြောင့် အနံ့စူးရှ နေတတ် ပေမယ့် ကျန်းမာရေး အတွက်တော့ တကယ် ကောင်းပါတယ်။

လေ့လာမှု ပေါင်းများစွာအရ ကြက်သွန်နီဟာ ဆီးချို သွေးချို ရောဂါရှိတဲ့ တိရစ္ဆာန်တွေရဲ့ မြင့်မားနေတဲ့ သွေးတွင်း သကြားဓာတ်ကို လျှော့ချ ပေးနိုင်ကြောင်း သိရပါတယ်။ ဆီးချို သွေးချို ရောဂါ ရှိတဲ့ ကြွက် တွေကို လေ့လာခဲ့တဲ့ အီဂျစ် လေ့လာမှု တစ်ရပ် အရ ကြက်သွန်နီ Juice ဟာ သွေးတွင်း သကြားဓာတ်ကို ၇ဝ ရာခိုင်နှုန်းအထိ လျှော့ချ ပေးနိုင်တာကို အံ့သြဖွယ်ရာ တွေ့ရှိခဲ့ရပါတယ်။ အိန္ဒိယမှာ လုပ်တဲ့ လေ့လာမှု တစ်ရပ်အရ ဆီးချို သွေးချို ရောဂါ ရှိသူတွေဟာ တစ်နေ့ကို ကြက်သွန်နီ နှစ်အောင်စခန့် စားလိုက်တဲ့ အခါမှာ သွေးတွင်း သကြားဓာတ် သိသိသာသာ လျော့ကျမှု ရှိတာကို တွေ့ရပါတယ်။

လေ့လာမှုတွေအရ ကြက်သွန်နီထဲ မှာပါတဲ့ ဆာလဖာ ဒြပ်ပေါင်းကော အင်တီ အောက်ဆီးဒင့် တွေပါ သွေးတွင်း သကြားဓာတ် မြင့်တက်ခြင်းရဲ့ ဘေးထွက် ဆိုးကျိုးတွေကို လျော့ကျ စေကြောင်း တွေ့ရှိခဲ့ ရပါတယ်။ ကြက်သွန်နီ တွေဟာ သွေးတွင်း ကောင်းတဲ့ ကိုလက်စထရော (HDL) ကို မြင့်တက် စေဟန် ရှိပါတယ်။ လေ့လာမှု တစ်ရပ်အရ ဖလေဗိုနွိုက် ပေါများစွာ ပါဝင်တဲ့ တခြား အစာတွေနဲ့ အတူ ကြက်သွန်နီ အများဆုံး စားသူတွေဟာ နှလုံးရောဂါ ဖြစ်နှုန်းကို ၂ဝ ရာခိုင်နှုန်း လျော့ကျ စေကြောင်း သိရပါတယ်။ ကြက်သွန်နီမှာ ဆာလဖာ ဒြပ်ပေါင်း ပါဝင်တာကြောင့် အက်စပရင် ဆေးပြားလိုပဲ အန္တရာယ် ရှိတဲ့ သွေးခဲခြင်း ဖြစ်စဉ်ကို လျော့ကျ စေပါတယ်။ ဒါ့အပြင် သွေးတိုးခြင်း ကို လည်း လျော့ကျ စေပါတယ်။ ကြက်သွန်နီဟာ ခရိုမီယမ်ဓာတ် အပေါများဆုံး အစားအစာတွေ ထဲမှာ ပါဝင် နေတာကြောင့် အင်ဆူလင်အပေါ် ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုကို အားကောင်း စေပါတယ်။

ကြက်သွန်နီထဲမှာပါတဲ့ ဆာလဖာဒြပ်ပေါင်းနဲ့ ဖလေဗိုနွိုက်တွေဟာ ကင်ဆာ အမျိုးမျိုး မဖြစ်အောင်လည်း ကာကွယ် ပေးနိုင်စွမ်း ရှိပါတယ်။ တရုတ် လေ့လာမှု တစ်ရပ်အရ နုပ်နုပ် စဉ်းထားတဲ့ ကြက်သွန်နီ ထမင်းစားဇွန်း တစ်ဇွန်းကို နေ့စဉ် စားပေးတဲ့ အမျိုးသားတွေဟာ စားနှုန်း ကြက်သွန်နီ၏ ကျန်းမာရေး အကျိုးကျေးဇူး နည်းတဲ့ အမျိုးသား တွေနဲ့ ယှဉ်ရင် ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်ခြေကို တစ်ဝက် နီးပါး လျှော့ချပေး နိုင်တာကို တွေ့ရှိခဲ့ ရပါတယ်။ ကြက်သွန်နီမှာ ပါဝင်တဲ့ ဖလေဗိုနွိုက်တွေဟာ အဆုတ် ကင်ဆာ အန္တရာယ်ကို လည်း လျော့ကျ စေနိုင် ပါတယ်။ လေ့လာမှု တချို့ အရ ကြက်သွန်နီဟာ အရိုးတွေရဲ့ တည်ဆောက်မှု ကို အားကောင်း စေပြီး အရိုး ပါးရောဂါ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။

ကြက်သွန်နီမှာ ပါဝင်တဲ့ ဆာလဖာ ဒြပ်ပေါင်း တွေဟာ ရောင်ရမ်းမှုကို လျော့ကျစေတဲ့ အာနိသင် ရှိတာကြောင့် အဆစ် ရောင်ရမ်းနာကြောင့် ခံစားရတတ်တဲ့ ကိုက်ခဲ နာကျင်မှုနဲ့ ရောင်ရမ်း မှုတို့ကို သက်သာ စေပါတယ်။ ကြက်သွန်နီတွေမှာ ဗီတာမင်စီနဲ့ ဘီတာကယ်ရိုတင်းလည်း ပါဝင်နေပါတယ်။ ကြက်သွန်နီလှီးတဲ့အခါ မျက်ရည်များများကျလေ၊ အဲဒီ ကြက်သွန်နီက ကျန်းမာရေး အကျိုးကျေးဇူး ပိုရှိလေလေပါ။ ကြက်သွန်နီကို အခွံခွာပြီး မလှီးခင်မှာ ရေနဲ့ စင်ကြယ်အောင် ဆေးကြောပေးပါ။ ကြက်သွန်နီ ဆိုတာ မြေကြီးအောက် မှာ ပေါက် တာကြောင့် အန္တရာယ်ရှိတဲ့ ဘက်တီးရီးယား ပိုးတွေ ကပ်ညိ နေနိုင်ပါတယ်။ ကြက်သွန်နီကို အေးမြ ခြောက်သွေ့ တဲ့ နေရာမှာ သိမ်းထားပါ။ ရေခဲသေတ္တာထဲနဲ့ အာလူးသီးတွေ အနားမှာ မထားပါနဲ့။ အာလူးသီးဟာ အစိုပြန် တတ်တာကြောင့် ကြက်သွန်နီတွေ မြန်မြန် ပုပ်လွယ် နိုင်လို့ပါ။

ကြယ်စင်

By: ကင်ဆာရောဂါနှင့်ကျန်းမာရေးဆောင်းပါးများ

 
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်