ဝိပဿနာ ပွါးများရာ အကျိုးများစွာ ရရှိမှာ...
ဝိပဿနာ ပွါးများခြင်း၏ အကျိုးတရားများကား,
ရောဂါကြီးမူ ညည်းညူမရှိ မြဲဂတိနှင့် သတိမမေ့ ချိန်နေ့သိပြန် မျက်လှန်ကြောဆွဲ မရှိဘဲလျက် သေလဲတောင့်တင်း ပုတ်နံ့ကင်းသည် ကျိုးရင်းဝိပဿနာ
တန်ခိုးပေတည်း။ လက်ရှိခန္ဓာမတွယ်တာနှင့် နောင်လာဘဝ မတောင့်တ ဘဲ
ကြောင့်ကြစွဲဖြင့် အမြဲမပြတ် ဝိပဿနာ လေ့လာကြိမ်ကြိမ် အာစိဏ္ဏကံ
ဖြစ်ကြောင်းဖန်မူ ထိုသည့်သူကား အယူမလွဲ ဂတိမြဲ၏။ မီးစွဲ လောင် မှ ရေကိုတ
သော် မရဖြစ်အင် ပုံနှိုင်းယှဉ်၍ မဂ္ဂင် သ န္ဓေ တည်မြဲ နေ အောင် မ သေခင် က
ပြင် ဆင် တောက် လျှောက် မေ့ မပျောက်နှင့်။ ချွေးပေါက်ယိုစီး သေခါနီးဝယ်
အပြီးမုချ မဂ္ဂင် ရလိမ့်။ ကိစ္စ မလျော် အ ကြောင်းပေါ်၍ မ တော်တဆ မဂ်မရအုံး
ဘဝအစွန် တမလွန်တွင် ထူးချွန်အံ့လောက် နတ်ပြည် ရောက်၍ မဖေါက်မပြန်
သောတာပန်စစ် ဧကန်ဖြစ်မည် မလစ် ဝိပဿနာ အကျိုးတည်း။
0 comments:
Post a Comment