အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » Software မသုံးပဲ Internet Speed လေးမြှင့်ပြီး သုံးကြည့်ရအောင်

Software မသုံးပဲ Internet Speed လေးမြှင့်ပြီး သုံးကြည့်ရအောင်

Written By MyanmarChnnel@ on Friday, February 7, 2014 | 4:46 AM


အခု ကျွန်တော် ရေးပေးမဲ့ နည်းလမ်းလေးကတော့ အင်တာနက် အသုံးပြုတဲ့ အခါမှာ မိမိတို့ကွန်ပျူတာက အသုံးပြုသူ ( Client Computer ) အဖြစ် အသုံးပြုတဲ့ သူများအတွက် အင်တာနက် Speed ကိုတိုးပြီး အသုံးပြုလို့ ရမယ့် နည်းလမ်းလေးပါ .. ကျွန်တော်လည်း အားလုံးအတွက် အဆင်ပြေမယ် ထင်လို့ ပြန်ရေး ပေးတာ ဖြစ်ပါတယ် .. ဒီနေရာမှာ တစ်ခါထဲ ပြောပြပါရစေ .. မေးခွန်းမေးရင်လည်း ဖြေလို့ ရမဲ့ မေးခွန်းမျိုးကို မေးတာ ပိုအဆင်ပြေမယ် ထင်ပါတယ် .. မြန်မာနိုင်ငံမှာ ပေးနေတဲ့ အင်တာနက်လိုင်းတွေ တစ်ချို့လိုင်းတွေ ပျက်နေတယ် .. လိုင်းတွေက မမှန်ပဲ တက်လိုက်ကျလိုက်တွေ ဖြစ်နေတာတွေက ကျွန်တော်လည်း ဘာမှ လုပ်ပေးလို့ မရပါဘူး .. အဲ့ဒါမျိုးကို ဘယ်လိုလုပ်ရမလည်း မေးရင်တော့ ကျွန်တော်လည်း ပြန်ဖြေပေးဖို့ ခက်ပါလိမ့်မယ် .. လောလောဆယ် အဆင်ပြေနိုင်မဲ့ နည်းလမ်းလေးကိုတော့ ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ အဆင့်ဆင့် ရှင်းပြပေးထားပါတယ် ..

အရင်ဆုံး Keyboard မှ  Ctrl + R ကိုနှိပ်ပြီး  Run Box ကိုဖွင့်လိုက်ပါ .. ပြီးရင် Run Box ထဲမှာ gpedit.msc လို့ရိုက်ထည့်ပြီးEnter ခေါက်လိုက်ပါ .. ဒါဆိုရင် Local Group Policy Ediitor Box ပေါ်လာပါလိမ့်မယ် . 

အောက်ကပုံအတိုင်း ပေါ်လာပြီ ဆိုရင်တော့ ပုံမှာ ပြထားတဲ့ အတိုင်း  Administrative Templates  >> Network >>  QoS Packet Scheduler  ဆိုပြီး အဆင့်ဆင့် သွားပြီး QoS Packet Scheduler  ကိုရောက်ပြီ ဆိုရင် ညာဘက်က Limit reservable bandwidth ကိုရှာပါ .. တွေ့ပြီဆိုရင် အဲ့ဒီကောင်လေးကို Double Ckick ပေးလိုက်ပါ .. 
အောက်ကပုံအတိုင်း Limit reservable bandwidth Box လေးပေါ်လာပါလိမ့်မယ် .. အဲ့ဒီကျရင် ပုံမှာ ပြထားတဲ့ အတိုင်း Not Configured ကို Enable ပေးလိုက်ပါ .. ပြီးရင် Bandwidth limit ( % ) ကို 20 မှ 80 ပြောင်းပေးလိုက်ပါ .. ပြီးရင်တော့ Apply>> OK ပေးလိုက်ယုံပါပဲ ..
ဒါကတော့  Client Computer တွေမှာ Internet Speed ကို လက်ရှိ Bandwidth Limit ထက်ပိုပြီး မြှင့်ပြီး သုံးနိုင်မဲ့ နည်းလမ်းလေးပဲ ဖြစ်ပါတယ် .. သုံးကြည့်ချင်တဲ့ သူတွေကတော့ စမ်းကြည့်လိုက်ပေါ့ဗျာ ..
အားလုံးအဆင်ပြေပါစေ.......။.အလွမ်းများရဲ့ ဆောင်ပုဒ်ဆိုဒ်လေးမှာ အသစ်တင်သမျှ fb က

ဖတ်ချင်တယ်ဆိုရင်တော့ pages လေးကိုနိုပ့်လိုက်ပါ....အားလုံးအဆင်ပြေပါစေ......

                                                                      လွမ်းဆောင်း
                                                           www.lwansulay.com
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်