အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » , » ဗုဒ္ဓ ဟောကြားသော လူသားများဖြစ်ပေါ်လာခြင်းအကြောင်း ......

ဗုဒ္ဓ ဟောကြားသော လူသားများဖြစ်ပေါ်လာခြင်းအကြောင်း ......

Written By MyanmarChnnel@ on Friday, May 30, 2014 | 9:31 PM

ဗုဒ္ဓ ဟောကြားသော လူသားများဖြစ်ပေါ်လာခြင်းအကြောင်း ......

ဖန်ဆင်းရှင်ကို လက်မခံသော (Atheism) ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ကမ္ဘာမြေကြီးနှင့် လူသားများဘယ်လို ဖြစ်ပေါ်လာရသလဲ ဆိုတဲ့ မေးခွန်းကို ဘာသာခြားတစ်ယောက်က မေးလာတဲ့အခါ ဖြေကြားနိုင်ဖို့ ဒီစာလေးကို ရေးရခြင်းဖြစ်ပါတယ်....။

ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးဟာ အစ ကနဦးမှာ ရေ သို့ မဟုတ် လေ သို့ မဟုတ် မီး တစ်ခုခုနဲ့ ပျက်စီးခြင်း ဖြစ်ခဲ့ပါတယ်...ဒါဟာ ကမ္ဘာတစ်ခု ပျက်စီးစေတဲ့ ကပ်ဘေးတွေဖြစ်ပါတယ်...။ 

ဒီလို ကမ္ဘာပျက်ခါနီး အချိန်တိုင်း ကမ္ဘာပေါ်မှာရှိတဲ့ လူသားတွေဟာ ကောင်းမှုတွေ လုပ်ကြတဲ့အတွက်... ၃၁ ဘုံ မှာ ဗြဟ္မာ ဖြစ်ကြပါသတဲ့...၊ အကုသိုလ်လုပ်တဲ့သူတွေ ကတော့ ငရဲ ကျတာပေါ့...၊ 

ထို အာဘဿရဘုံမှာဖြစ်တဲ့ ဗြဟ္မာတွေဟာ ဈာန်စိတ်နဲ့ နေထိုင်ပြီး ပီတိ(၀မ်းမြောက်မှု) နဲ့ ရှင်သန်နိုင်သတဲ့ ...၊ ပြီးတော့ ကောင်းကင်မှာ နေနိုင်ပြီး ကိုယ်ပိုင်အရောင်နဲ့ တောက်ပနိုင်ကြပါတယ်လို့ ဆိုပါတယ်...။ 

ဒီလို ကမ္ဘာပျက်ပြီး နှစ်ပေါင်းများစွာကြာတော့ ကမ္ဘာကြီးဟာ ပြန်ပြီး တည်ပါတယ်...၊ အဲဒီအချိန်မှာ ကမ္ဘာကြီးရဲ့ မျက်နှာပြင်မှာ ရေပြင်အတိ ဖြစ်ပါသတဲ့ ....။ နေတွေ လတွေ မရှိသလို ကမ္ဘာကြီးဟာ အစကနဦးမှာ ကုန်းမြေလဲ မရှိပဲ မှောင်အတိနဲ့ ရေပြင်ကြီးဖြစ်နေခဲ့ပါတယ်...။

ဒီအခါမှာ စောစောကပြောခဲ့တဲ့ ဗြဟ္မာတွေဟာ အာဘဿရဘုံက စုတေပြီး လူ့ ဘုံကို ရောက်လာကြပါတယ်...၊ သူတို့ ဟာ ဒီကမ္ဘာကြီးရဲ့ ရေပြင်အထက် ကောင်းကင်ယံမှာပဲ ဥပစာရဈာန်နဲ့ နှစ်သိမ့်ခြင်း ပီတိ စားခြင်း(ကလေးတွေ ကစားနေတဲ့အခါ ထမင်းမေ့ဟင်းမေ့ ဖြစ်သလိုမျိုးပါ) ဖြင့် ကိုယ်ရောင်ကိုယ်ဝါ တောက်ပနေကြပါတယ်...၊ 

မြေဆီ ဖြစ်ပေါ်လာခြင်း
----------------------------
ဒီလိုနဲ့  ရေပြင်အတိရှိတဲ့ ကမ္ဘာကြီးမှာ အချိန်ကြာလာတော့ နွားနို့ ပူပူကို အအေးခံတဲ့အခါ မလိုင်တက်လာသလိုမျိုး မြေဆီ အမြှေးလေးဖြစ်လာပါတယ်...၊ ထိုမြေဆီဟာ အဆင်း အနံ့ အရသာနဲ့ ပြည့်စုံပါတယ်... ၊ ဒါပေမဲ့ စောစောက ကောင်းကင်မှာနေကြတဲ့ လူတွေဟာ မြေဆီရဲ့ အရသာကို မသိကြသေးပါဘူး....။ 

အဲဒီထဲမှာ တစ်ယောက်သော စူးစမ်းလိုသူတစ်ဦးက ဘယ်လို အရသာ ရှိမလဲဆိုပြီး သိချင်စိတ်နဲ့ မြေဆီကို ယူပြီး စားကြည့်လိုက်ပါတယ်... ၊ အဲလိုလဲ စားလိုက်ရော.... တပ်မက်ခြင်း တဏှာကြောင့် ကိုယ်ရောင်ကိုယ်ဝါတွေ ပျောက်ပြယ်ကုန်ကြပါတယ်...။


နေ လ တို့ ဖြစ်ပေါ်လာခြင်း 
-------------------------------
ထိုသို့ ကိုယ်ရောင်ကွယ်သွားတဲ့ အတွက် အရောင်ကို ထောက်ပံ့ပေးဖို့ နေ လ တို့ ဖြစ်ပေါ်လာပါတယ်... ၊ နေ လတို့ ဖြစ်ပေါ်တဲ့အခါ နက္ခတ်တာရာတို့ ဖြစ်ပေါ်လာပါတယ်...၊ ရာသီဥတု နှစ်လတို့ လည်း ဖြစ်လာပါတော့တယ်...၊ 

အဲဒီလို မြေဆီကို စားလိုက်တဲ့ လူသားတွေဟာတပ်မက်ခြင်း တဏှာပေါ်မူတည်ပြီး အဆင်း လှခြင်း ၊ မလှခြင်းတို့ ဖြစ်ပေါ်လာပါတယ်....၊ ထိုအခါ "အလှ မာန" ဆိုတာ ဖြစ်ပေါ်လာပါတယ်... ၊ အကျိုးဆက်အားဖြင့် မြေဆီပျောက်ပျက်ပြီး မြေလွှာဖြစ်လာပါတယ်...။ 

မြေလွှာဖြစ်ပေါ်လာခြင်း
-----------------------------

မြေလွှာဖြစ်ပေါ်လာတဲ့အခါ လူတွေဟာ အရသာရှိတဲ့ မြေလွှာကို စားသောက်ခြင်းဖြင့် အဆင်းဟာ ပိုမိုပြီး ကြမ်းတမ်းခြင်း၊ ကွာခြားမှုတွေ ဖြစ်ပေါ်လာပါသတဲ့ ....၊ ထိုအခါ ပိုပြီး အလှမာနကြီးမားခြင်းကြောင့် မြေလွှာလဲ ပျောက်သွားပြန်ပါတယ်...



နွယ်ချို ဖြစ်ပေါ်လာခြင်း 
------------------------------
မြေလွှာပျောက်သွားတဲ့ အခါ အရသာနဲ့ ပြည့်စုံတဲ့ နွယ်ချိုဖြစ်လာပါတယ်... ၊ အဲဒီ နွယ်ချိုကို စားသုံးတဲ့ လူသားတွေရဲ့ အဆင်းဟာ နဂိုထက်ပိုမို ကြမ်းတမ်းလာမှုကြောင့် အလှ ကွာခြားမှုကလဲ ပိုမိုလာခဲ့ပါတယ်....၊ ဒီအခါမှာ အလှမာနတရားကြောင့် နွယ်ချိုပျောက်ပြီး သလေးဆန်ဖြစ်လာပါတယ်... 


သလေးဆန် ဖြစ်ပေါ်လာခြင်း 
-------------------------------
သလေးဆန်ဟာ မီးနဲ့ ချက်စရာမလို ဖွဲမပါပဲ ဖြူစင်ပြီး ကောင်းမွန်သော အရသာ ရှိပါသတဲ့ ... ထို သလေးဆန်ကို စားခြင်းဖြင့် လူသားတွေရဲ့ အဆင်းဟာ ပိုမို ပြောင်းလဲလာတဲ့အတွက် ယောက်ျား မိန်းမ အင်္ဂါတွေ ဖြစ်ပေါ်လာပါတယ်... 

ယောက်ျား မိန်းမ ထင်ရှားလာခြင်း
--------------------------------
ထိုသို့ ယောက်ျားမိန်းမ ထင်ရှားလာတဲ့ အတွက် တစ်ယောက်နဲ့ တစ်ယောက် ကြည့်မိရာက ပြင်းစွာ တပ်မက်သော ရာဂ ကြောင့် ပူပန်သော ခံစားချက်ကို ခံစားမိပါတယ်...ဒါကြောင့် လူသားတွေဟာ မေထုံ မှီဝဲကြပါသတဲ့.... 

ဒီလို မေထုံမှီဝဲတဲ့ လူတွေကို တခြား လူတွေက မောင်းထုတ်ကြပါတယ်... ။ ထိုအခါမှာ သီးခြားနေကြသော အိမ်ထောင်စုတွေ ဖြစ်လာပါတယ်... ။ အိမ်ထောင်စုဖြစ်ပေါ်လာခြင်းနဲ့အတူတူ လူသားတွေဟာ လောဘကြောင့် အရင်တုန်းက မနက်တစ်ခါ...ညတစ်ခါ ခူးစားနေတဲ့ သလေးဆန်ကို တစ်ခါတည်း နှစ်နပ်စာ၊ တချို့ က နှစ်ရက်စာ သိမ်းဆည်းလာကြပါတယ်...၊ 

တချို့ က ရှစ်ရက်  ကိုးရက်စာ ခူးယူကြပါတယ်...ဒီအခါမှာ နဂိုတုန်းက ဖွဲမရှိတဲ့ ဆန်ဟာ ပြန်ပေါက်ဖို့ အလျင်မမီတော့ပဲနဲ့  ဖွဲ အခွံတွေ နဲ့ ရိုးပြတ်တွေ အတိနဲ့ ဖုံးအုပ်လာပါတော့တယ်... ။ ဒီအချိန်မှာ လူတွေဟာ ကိုယ့်ရဲ့ စုဆောင်းထားတဲ့ ဝေစုကို မစားသုံးတော့ပဲ သူတစ်ပါးရဲ့ ဝေစုကို ခိုးယူဖို့ ကြံစည်လာပါတော့တယ်...၊ ဒီလို ခိုးလို့ ဖမ်းမိတဲ့ လူကို လူတွေက ရိုက်နှက်ကြပါတယ်...။ 

ကြာလာတော့  လိမ်လည်မှု ခိုးမှုတွေ များလာတဲ့အတွက်.... လူတွေဟာ မတရားမှုကို ကြည့်ရှု ဆုံးဖြတ်စီရင်ပေးဖို့ ၊တရားသဖြင့် သလေးဆန်ကို ခွဲဝေပေးဖို့ ပညာအရှိဆုံး၊ ရုပ်အလှဆုံး ၊စိတ်ဓာတ်ကောင်းမွန်ဆုံး လူတစ်ယောက်ကို ခန့်ထားကြပါတယ်... 

သူ့ ကိုတော့ " မဟာ သမ္မတမင်း " လို့ ခေါ်ပါတယ်...။ မြန်မာလို  "အများက ညီညွတ်စွာ တင်မြှောက်သော ကြီးမြတ်သည့် သူ "လို့ အဓိပ္ပာယ်ရပါတယ်...၊ ဒီလိုနဲ့ ခတ္တိယ လို့ ခေါ်တဲ့ အုပ်ချုပ်တဲ့ လူတန်းစားပေါ်လာပါတယ်... 

ဒီလိုနဲ့ တချို့က တရားအားထုတ်၊ တချို့ က အလုပ်စီးပွားလုပ်ပြီး ရှာဖွေကြခြင်းဖြင့် လူစုတွေ အမျိုးမျိုး ကွဲပြားသွားကြပါတော့တယ်.... 

တကယ်တော့ ကမ္ဘာကြီးရဲ့ အစဦးမှာ လူတန်းစား ကွဲပြားမှုဆိုတာ မရှိပါဘူး....ဒီလို တဖြည်းဖြည်းနဲ့ လူစုတွေ ကွာခြားသွားခြင်းဟာ လူတွေရဲ့ ကောင်းတဲ့  လုပ်ရပ် (ကုသိုလ်) နဲ့ မကောင်းတဲ့ လုပ်ရပ် (အကုသိုလ်) ကွဲပြားလာခြင်းကြောင့် ဖြစ်ပါတယ်...... ။ 

အားလုံးကို ခြုံကြည့်ရင် ... ဗုဒ္ဓအလိုအရ လူကို ဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းရင်းက တဏှာ ပဲ ဖြစ်ပါတော့တယ်.....

ကျမ်းကိုး ။ ။ ၁။ ဒေါက်တာနန္ဒမာလဘိဝံသ၏ ကမ္ဘာဦးက လူသားများ တရားတော်  
 ၂ ။ ဒီဃနိကာယ်ဝင် သုတ္တန် ပိဋကတ် ၊ ပါထိက၀ဂ်ပါဠိတော် အဂ္ဂညသုတ်  မြန်မာပြန် ၂၀၁၁ ခုနှစ် ၊ စာ ၇၁ မှ ၈၂ ထိ

ကျေနပ်နိုင်ကြပါစေ....

ဇေယျာ 23/Jan/2013 Wednesday 10:00 pm
ဗုဒ္ဓ ဟောကြားသော လူသားများဖြစ်ပေါ်လာခြင်းအကြောင်း ......

ဖန်ဆင်းရှင်ကို လက်မခံသော (Atheism) ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ကမ္ဘာမြေကြီးနှင့် လူသားများ ဘယ်လို ဖြစ်ပေါ်လာရ...သလဲ ဆိုတဲ့ မေးခွန်းကို ဘာသာခြားတစ်ယောက် က မေးလာ တဲ့အခါ ဖြေကြားနိုင် ဖို့ ဒီစာလေးကို ရေးရခြင်းဖြစ်ပါတယ်....။

ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးဟာ အစ ကနဦးမှာ ရေ သို့ မဟုတ် လေ သို့ မဟုတ် မီး တစ်ခုခုနဲ့ ပျက် စီးခြင်း ဖြစ်ခဲ့ပါတယ်...ဒါဟာ ကမ္ဘာတစ်ခု ပျက်စီးစေတဲ့ ကပ်ဘေးတွေဖြစ်ပါတယ်...။

ဒီလို ကမ္ဘာပျက်ခါနီး အချိန်တိုင်း ကမ္ဘာပေါ်မှာရှိတဲ့ လူသားတွေဟာ ကောင်းမှုတွေ လုပ်ကြတဲ့အတွက်... ၃၁ ဘုံ မှာ ဗြဟ္မာ ဖြစ်ကြပါသတဲ့...၊ အကုသိုလ်လုပ်တဲ့သူတွေ ကတော့ ငရဲ ကျတာပေါ့...၊

ထို အာဘဿရဘုံမှာဖြစ်တဲ့ ဗြဟ္မာတွေဟာ ဈာန်စိတ်နဲ့ နေထိုင်ပြီး ပီတိ(၀မ်းမြောက်မှု) နဲ့ ရှင်သန်နိုင် သတဲ့ ...၊ ပြီးတော့ ကောင်းကင်မှာ နေနိုင်ပြီး ကိုယ်ပိုင် အရောင်နဲ့ တောက် ပနိုင်ကြပါတယ် လို့ ဆိုပါတယ်...။

ဒီလို ကမ္ဘာပျက်ပြီး နှစ်ပေါင်းများစွာကြာတော့ ကမ္ဘာကြီးဟာ ပြန်ပြီး တည်ပါတယ်...၊ အဲဒီအချိန်မှာ ကမ္ဘာကြီးရဲ့ မျက်နှာပြင်မှာ ရေပြင်အတိ ဖြစ်ပါသတဲ့ ....။ နေတွေ လတွေ မရှိသလို ကမ္ဘာကြီးဟာ အစကနဦးမှာ ကုန်းမြေလဲ မရှိပဲ မှောင်အတိနဲ့ ရေပြင်ကြီးဖြစ်နေခဲ့ပါတယ်...။

ဒီအခါမှာ စောစောကပြောခဲ့တဲ့ ဗြဟ္မာတွေဟာ အာဘဿရဘုံက စုတေပြီး လူ့ ဘုံကို ရောက်လာကြပါတယ်...၊ သူတို့ ဟာ ဒီကမ္ဘာကြီးရဲ့ ရေပြင်အထက် ကောင်းကင်ယံမှာပဲ ဥပစာရဈာန်နဲ့ နှစ်သိမ့်ခြင်း ပီတိ စားခြင်း (ကလေးတွေ ကစားနေတဲ့အခါ ထမင်းမေ့ဟင်းမေ့ ဖြစ်သလိုမျိုးပါ) ဖြင့် ကိုယ်ရောင် ကိုယ်ဝါ တောက် ပနေကြပါတယ်...၊

မြေဆီ ဖြစ်ပေါ်လာခြင်း
----------------------------
ဒီလိုနဲ့  ရေပြင်အတိရှိတဲ့ ကမ္ဘာကြီးမှာ အချိန်ကြာလာတော့ နွားနို့ ပူပူကို အအေးခံတဲ့အခါ မလိုင်တက် လာသ လို မျိုး မြေဆီ အမြှေးလေးဖြစ်လာပါတယ်...၊ ထိုမြေဆီဟာ အဆင်း အနံ့ အရသာနဲ့ ပြည့်စုံပါတယ်... ၊ ဒါပေမဲ့ စောစော က ကောင်းကင်မှာနေကြတဲ့ လူတွေဟာ မြေဆီရဲ့ အရသာကို မသိကြသေးပါဘူး....။

အဲဒီထဲမှာ တစ်ယောက်သော စူးစမ်းလိုသူတစ်ဦးက ဘယ်လို အရသာ ရှိမလဲဆိုပြီး သိချင်စိတ်နဲ့ မြေဆီကို ယူပြီး စားကြည့်လိုက်ပါတယ်... ၊ အဲလိုလဲ စားလိုက်ရော.... တပ်မက်ခြင်း တဏှာကြောင့် ကိုယ်ရောင် ကိုယ် ၀ါတွေ ပျောက်ပြယ်ကုန်ကြပါတယ်...။


နေ လ တို့ ဖြစ်ပေါ်လာခြင်း
-------------------------------
ထိုသို့ ကိုယ်ရောင်ကွယ်သွားတဲ့ အတွက် အရောင်ကို ထောက်ပံ့ပေးဖို့ နေ လ တို့ ဖြစ်ပေါ်လာပါတယ်... ၊ နေ လတို့ ဖြစ်ပေါ်တဲ့အခါ နက္ခတ်တာရာတို့ ဖြစ်ပေါ်လာပါတယ်...၊ ရာသီဥတု နှစ်လတို့ လည်း ဖြစ်လာပါတော့တယ်...၊

အဲဒီလို မြေဆီကို စားလိုက်တဲ့ လူသားတွေဟာတပ်မက်ခြင်း တဏှာပေါ်မူတည်ပြီး အဆင်း လှခြင်း ၊ မလှခြင်းတို့ ဖြစ်ပေါ်လာပါတယ်....၊ ထိုအခါ "အလှ မာန" ဆိုတာ ဖြစ်ပေါ်လာပါတယ်... ၊ အကျိုးဆက်အားဖြင့် မြေဆီပျောက်ပျက်ပြီး မြေလွှာဖြစ်လာပါတယ်...။

မြေလွှာဖြစ်ပေါ်လာခြင်း
-----------------------------

မြေလွှာဖြစ်ပေါ်လာတဲ့အခါ လူတွေဟာ အရသာရှိတဲ့ မြေလွှာကို စားသောက်ခြင်းဖြင့် အဆင်းဟာ ပိုမိုပြီး ကြမ်းတမ်းခြင်း၊ ကွာခြားမှုတွေ ဖြစ်ပေါ်လာပါသတဲ့ ....၊ ထိုအခါ ပိုပြီး အလှ မာနကြီး မားခြင်းကြောင့် မြေလွှာ လဲ ပျောက်သွားပြန်ပါတယ်...



နွယ်ချို ဖြစ်ပေါ်လာခြင်း
------------------------------
မြေလွှာပျောက်သွားတဲ့ အခါ အရသာနဲ့ ပြည့်စုံတဲ့ နွယ်ချိုဖြစ်လာပါတယ်... ၊ အဲဒီ နွယ်ချိုကို စားသုံးတဲ့ လူ သားတွေရဲ့ အဆင်းဟာ နဂိုထက်ပိုမို ကြမ်းတမ်းလာမှုကြောင့် အလှ ကွာခြားမှုကလဲ ပိုမိုလာခဲ့ ပါတယ်....၊ ဒီအခါမှာ အလှမာနတရားကြောင့် နွယ်ချိုပျောက်ပြီး သလေးဆန်ဖြစ်လာပါတယ်...


သလေးဆန် ဖြစ်ပေါ်လာခြင်း
-------------------------------
သလေးဆန်ဟာ မီးနဲ့ ချက်စရာမလို ဖွဲမပါပဲ ဖြူစင်ပြီး ကောင်းမွန်သော အရသာ ရှိပါသတဲ့ ... ထို သလေးဆန်ကို စားခြင်းဖြင့် လူသားတွေရဲ့ အဆင်းဟာ ပိုမို ပြောင်းလဲလာတဲ့အတွက် ယောက်ျား မိန်းမ အင်္ဂါတွေ ဖြစ်ပေါ်လာ ပါတယ်...

ယောက်ျား မိန်းမ ထင်ရှားလာခြင်း
--------------------------------
ထိုသို့ ယောက်ျားမိန်းမ ထင်ရှားလာတဲ့ အတွက် တစ်ယောက်နဲ့ တစ်ယောက် ကြည့်မိရာက ပြင်းစွာ တပ်မက်သော ရာဂ ကြောင့် ပူပန်သော ခံစားချက်ကို ခံစားမိပါတယ်...ဒါကြောင့် လူသားတွေဟာ မေထုံ မှီဝဲကြပါ သတဲ့....

ဒီလို မေထုံမှီဝဲတဲ့ လူတွေကို တခြား လူတွေက မောင်းထုတ်ကြပါတယ်... ။ ထိုအခါမှာ သီးခြားနေကြသော အိမ်ထောင်စုတွေ ဖြစ်လာပါတယ်... ။ အိမ်ထောင်စုဖြစ်ပေါ်လာခြင်းနဲ့အတူတူ လူသားတွေဟာ လောဘကြောင့် အရင်တုန်းက မနက်တစ်ခါ...ညတစ်ခါ ခူးစားနေတဲ့ သလေးဆန်ကို တစ်ခါတည်း နှစ်နပ်စာ၊ တချို့ က နှစ်ရက်စာ သိမ်းဆည်းလာကြပါတယ်...၊

တချို့ က ရှစ်ရက် ကိုးရက်စာ ခူးယူကြပါတယ်...ဒီအခါမှာ နဂိုတုန်းက ဖွဲမရှိတဲ့ ဆန်ဟာ ပြန်ပေါက် ဖို့ အလျင် မမီတော့ပဲနဲ့  ဖွဲ အခွံတွေ နဲ့ ရိုးပြတ်တွေ အတိနဲ့ ဖုံးအုပ်လာပါတော့တယ်... ။ ဒီအချိန်မှာ လူတွေဟာ ကိုယ့်ရဲ့ စုဆောင်းထားတဲ့ ဝေစုကို မစားသုံးတော့ပဲ သူတစ်ပါးရဲ့ ဝေစုကို ခိုးယူဖို့ ကြံစည်လာပါတော့တယ်...၊ ဒီလို ခိုးလို့ ဖမ်းမိတဲ့ လူကို လူတွေက ရိုက်နှက်ကြပါတယ်...။

ကြာလာတော့  လိမ်လည်မှု ခိုးမှုတွေ များလာတဲ့အတွက်.... လူတွေဟာ မတရားမှုကို ကြည့်ရှု ဆုံးဖြတ် စီရင်ပေး ဖို့ ၊တရားသဖြင့် သလေးဆန်ကို ခွဲဝေပေးဖို့ ပညာအရှိဆုံး၊ ရုပ်အလှဆုံး ၊စိတ်ဓာတ်ကောင်းမွန်ဆုံး လူတစ်ယောက် ကို ခန့်ထားကြပါတယ်...

သူ့ ကိုတော့ " မဟာ သမ္မတမင်း " လို့ ခေါ်ပါတယ်...။ မြန်မာလို "အများက ညီညွတ်စွာ တင်မြှောက်သော ကြီးမြတ်သည့် သူ "လို့ အဓိပ္ပာယ်ရပါတယ်...၊ ဒီလိုနဲ့ ခတ္တိယ လို့ ခေါ်တဲ့ အုပ်ချုပ်တဲ့ လူတန်းစားပေါ်လာပါတယ်...

ဒီလိုနဲ့ တချို့က တရားအားထုတ်၊ တချို့ က အလုပ်စီးပွားလုပ်ပြီး ရှာဖွေကြခြင်းဖြင့် လူစုတွေ အမျိုးမျိုး ကွဲပြားသွားကြပါတော့တယ်....

တကယ်တော့ ကမ္ဘာကြီးရဲ့ အစဦးမှာ လူတန်းစား ကွဲပြားမှုဆိုတာ မရှိပါဘူး....ဒီလို တဖြည်းဖြည်းနဲ့ လူစုတွေ ကွာခြားသွားခြင်းဟာ လူတွေရဲ့ ကောင်းတဲ့  လုပ်ရပ် (ကုသိုလ်) နဲ့ မကောင်းတဲ့ လုပ်ရပ် (အကုသိုလ်) ကွဲပြား လာခြင်းကြောင့် ဖြစ်ပါတယ်...... ။

အားလုံးကို ခြုံကြည့်ရင် ... ဗုဒ္ဓအလိုအရ လူကို ဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းရင်းက တဏှာ ပဲ ဖြစ်ပါတော့ တယ်.....

ကျမ်းကိုး ။ ။ ၁။ ဒေါက်တာနန္ဒမာလဘိဝံသ၏ ကမ္ဘာဦးက လူသားများ တရားတော်
၂ ။ ဒီဃနိကာယ်ဝင် သုတ္တန် ပိဋကတ် ၊ ပါထိက၀ဂ်ပါဠိတော် အဂ္ဂညသုတ် မြန်မာပြန် ၂၀၁၁ ခုနှစ် ၊ စာ ၇၁ မှ ၈၂ ထိ

ကျေနပ်နိုင်ကြပါစေ....

Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်