အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » အထက်တန်းစားစိတ်နှင့် အောက်တန်းစားစိတ်

အထက်တန်းစားစိတ်နှင့် အောက်တန်းစားစိတ်

Written By MyanmarChnnel@ on Thursday, July 31, 2014 | 11:25 PM



ထိုစိတ်ထားနှစ်ခုနှင့်စပ်၍ မှတ်ဖွယ်ကောင်းသောနယ်ပိုင်နှစ်ယောက်ဧ။် ကိုယ်တွေ့ဖြစ်ရပ် ကို တောင်တန်း ဆရာတော်ကြီးဧ။် ကိုယ်တွေ့မှတ်တမ်းဆောင်းပါးတစ်ပိုဒ်တွင် မှတ်သားလိုက်ရသည် ။

ပထမနယ်ပိုင်မှာ အောက်တန်းစားစိတ်ရှိသဖြင့် အလုပ်ကိုလည်း ၀တ်ကျေတန်းကျေသာလုပ်သည် ။ တာ ၀န်ပြီးဆုံး၍ နယ်တစ်ခုသို့ပြောင်းရွှေ့ရတော့မည်ဟု သိရသည်နှင့် အိမ်ဝိုင်းအတွင်းမှာ စိုက်ထားသော သီးပင်စားပင်များကို အကုန်ဖျက်ဆီးပစ်သည် ။ စာရင်းအင်းများကိုလည်း တစ်ခုမှ မကိုင်တော့ ဘဲ နောက်လူ ဒုက္ခရောက်အောင် အပုံလိုက်ထားပစ်ခဲ့သည် ။
 
နောက်ရောက်လာသော နယ်ပိုင်ကား အထက်တန်းစားစိတ်ရှိသည် ။ 
 
အလုပ်ကိုလည်း ကောင်းသထက်ကောင်းအောင် ကြိုးစားသည့်အပြင် မိမိတာဝန်ပြီးဆုံး၍ နယ်ပြောင်း ရတော့မည် ဆိုသည်နှင့် နောက်ရောက်လာမည့်ပုဂ္ဂိုလ်မပင်ပန်းအောင် စာရင်းအင်းများကိုပြတ်အောင် လုပ်ထားလိုက်သည် ။ စားပင်သီးပင်များကိုလည်းတိုးချဲ့စိုက်ပျိုးကာ နေထိုင်သော တိုက်ကိုပင် ဆေးအလှများ သုတ်ပေးခဲ့သေးသည်။ 
 
၎င်းပုဂ္ဂိုလ်နှစ်ဦးဧ။် အနာဂါတ်ဖြစ်ရပ်များကိုလည်း ဆရာတော်ကြီးက ဆက်လက် စုံစမ်း လေ့လာရာအောက် တန်းစားစိတ်ရှိသော ပထမနယ်ပိုင်မှာရာထူးကျကာဆင်းဆင်းရဲရဲ သေဆုံး သွားရကြောင်းသိရပြီး ၊ အထက်တန်းစားစိတ်ရှိသော ဒုတိယနယ်ပိုင်မှာတစ်ဆင့်ပြီးတစ်ဆင့် ရာထူးတက်ကာ ၀န်ကြီးတစ်နေရာ အ ထိ ရရှိသွားကြောင်း မှတ်သားရပါသည် ။ ဤနေရာ၌ သူတစ်ပါးချမ်းသာစေလိုသော စိတ်ကို သာရအောင်မွေးပါ ၊ မိမိတစ်ကယ်ချမ်းသာလာပါလိမ့်မယ်ဟူသော မော်လမြိုင်မြို့နယ် ၊ ကောလှရွာကျောင်း ဆရာတော်ဧ။် သြ၀ါဒလေးမှာလည်း တစ်သက်စာမှတ်သားဖို့ ကောင်းလှပါသည် ။

ထို့သို့ အထက်တန်းစားစိတ်ဖြင့် ကြိုးစားရှာဖွေနေရင်းမှ ကျေးဇူးသိတတ်သော ဦးသက်ရှည်တို့သားအဖကို ပွဲရုံပိုင်ရှင်ကိုယ်တိုင်ကပင် မောင်သက်ရှည်တို့သားအဖဧ။် စုငွေကိုထပ်ဆောင်း၍ ပွဲရုံ တစ်ခုထောင်ပေး လိုက်ပါသည် ။ ဘုရားဝတ်တက်ဝတ်ကတ်နှင့် ငါးပါးသီလဟူသော အဇ္ဈတ္တအား ၊ ထထကြွကြွရှာဖွေသော ဥဠာနသမ္မဒါ ၊ မကုန်သင့်တာမကုန်အောင် စောင့်ရှောက်သော အာရက္ခသမ္မဒါ ၊ အ၀င် အထွက်မျှတအောင် သုံးစွဲသော သမဇီဝိတသမ္မဒါ ၊ မိတ်ကောင်းဆွေကောင်းရှိခြင်းဟူသော ကလျာဏမိတ္တသမ္မဒါ စသော ဗဟိဒ္ဓနှစ်မျိုးတို့ဖြင့် ကြိုးစားရှာဖွေကြရာ နှစ်အနည်းငယ်အတွင်း ငွေအတော်စုမိကြလေသည် ။

“ ငါသားတို့မှာ ဘ၀သံသရာ အလှူဒါန နည်းခဲ့လို့ ဆင်းရဲမွဲတေခဲ့ရသည် ။ မရှိလို့မလှူ ၊ မလှူလို့မရှိ တို့ကျောင်းဆောက်လှူရအောင် ငွေကိုကြည့်သုံး ဒီဘ၀တို့လုပ်ရတာ သာသနာအတွက်ပဲ ” ဟု သားဖြစ်သူအားပြောဆိုဆုံးမပြီး စုဆောင်းကြရာ ကျောင်းဆောက်လှူနိုင်သည်အထိ ပြည့်စုံလာကြလေသည် ။
မြစ်ငယ်ရှိ ကျေးဇူးရှင် ငယ်ဆရာအား ကျောင်းဆောက်လှူလိုကြောင်း လျှောက်ထားရာ ဆရာတော်က လက် မခံခဲ့ပေ ။ အဘယ့်ကြောင့်နည်း ။
 
အတုယူစရာ ထေရ်ဆရာနှစ်ပါး
ကျေးရွာမှာ ကျောင်းဆောက်လှူတာထက် စာသင်သားသံင်္ဃာတစ်ထောင်ကျော်ရှိသော မန္တလေးမြို့ ဘုရားကြီးတိုက်တွင် ဆောက်လှူခြင်းက သာသနာအတွက်ပို၍ အကျိုးရှိကြောင်း တိုက်တွန်းတော်မူခဲ့ပါသည် ။ ရဟန်းတော်များအတုယူစရာ ကောင်းလေစွ ။ ထိုနည်းတူမင်းကွန်းတိပိဋက ဆရာတော်ကြီးလည်း မင်းကွန်းမှာ ကျောင်းဆောက်ချင်သော ဗန္ဓုလဦးဆိုင်ကို သာသနာမှာပို၍ ကျေးဇူးများနိုင်သော မန္တလေးမြို့ ရွှေရေးဆောင် အလယ်တိုက်ကြီးကို ပြင်ဆင်ဆောက်လုပ်စေတော်မူခဲ့ပါသည်။

ပုထုဇဉ်များနိုင်ဖို့ခဲယဉ်းသော မစ္ဆရိယတရားကိုအနိုင်ယူနိုင်ခြင်းပင် ဖြစ်ပါဧ။် ။ နှမြောစေးနှဲခြင်း မစ္ဆရိယ ငါးမျိုးကို ဓမ္မသင်္ဂဏီပါဠိတော်တွင် ဟောကြားတော်မူပြီး အဠသာလိနီအဠကထာဖြင့် အကျယ်ချဲ့ပြတော် မူထားပါသည် ။ ၎င်းမစ္ဆရိယ ငါးမျိုးမှာ….
၁။ အာဝါသမစ္ဆရိယ = မိမိကျောင်း၌ မိမိမှတစ်ပါး မည်သည့်ရဟန်းသံင်္ဃာကိုမှ မလာစေချင် ၊ မနေစေချင်ခြင်း ။
၂။ ကုလမစ္ဆရိယ ။ မိမိဒါယကာများကို တခြားရဟန်းကောင်းတို့ထံ ဆည်းကပ်မှာကိုစိုးရိမ်ခြင်း
၃။ လာဘမစ္ဆရိယ ။ တခြားရဟန်းတော်များကို ပစ္စည်းလေးပါး လာဘ်လာဘ မရစေလိုခြင်း ။
၎။ ၀ဏ္ဏမစ္ဆရိယ = သူတစ်ပါးဧ။် လှပတင့်တယ်ခြင်းနှင့် ဂုဏ်ကျေးဇူးကို မပြောနိုင် ၊ မချီးမွမ်းနိုင်ခြင်း။
၅။ ဓမ္မမစ္ဆရိယ = စာပေ ပရိယတ္တိနှင့် တရားအသိအမျိုးမျိုးကို မိမိသိသလိုသူတစ်ပါး မသိစေ လိုခြင်းတို့ဖြစ်သည် ။

ထိုငါးပါးတို့တွင် အာဝါသမစ္ဆရိယကြောင့် သေသောအခါ မိမိစွဲလမ်းသောကျောင်းတွင် ဘီလူးသော် လည်းကောင်း ၊ ပြိတ္တာသော်လည်းကောင်း ဖြစ်ရတတ်သည် ။ သို့မဟုတ် လောဟကုမ္ဘီငရဲ၌ လည်းကျရ တတ်သည် ။ ကုလမစ္ဆရိယကြောင့် ယခုဘ၀မှာပင် ပွက်ပွက်ဆူသော သွေးများကို အန်ရတတ်ပြီး ဖြစ်လေရာ ဘ၀တွင် ပစ္စည်းလေးပါး လာဘ်လာဘ ရှားပါးသည် ။ ဗုဒ္ဓလက်ထက်တော်က သိဉ္စည်းခေါ် (သဉ္စယဗေ လဠပုတ္တ) တိတ္တိဆရာကြီးသည် တပည့်(၂၅၀)တို့သည် ဗုဒ္ဓဧ။်တပည့်အဖြစ် ခံယူသွားသောကြောင့် လည်းကောင်း ၊နိဂဏ္ဍနာဋ ပုတတတိတ္တိဆရာတော်ကြီးများသည်လည်း သူဧ။်ဒါယကာ အရင်းဥပါလိ သူကြွယ်က ဗုဒ္ဓဧ။်အရိယာတပည့်သာဝကဖြစ်သွားသောကြောင့် သွေးပွက်ပွက်အန်ထွက်ခဲ့ကြဖူးပါသည် ။
လာဘမစ္ဆရိယကြောင့် ဘီလူးသော်လည်းကောင်း ၊ပြိတ္တာသော်လည်းကောင်း ဖြစ်ရသည် ။ ထိုမှ တစ်ပါး ဘင်ပုဂ်ငရဲသို့လည်း ကျရောက်တတ်သည် ။ ၀ဏ္ဏမစ္ဆရိယကြောင့်ဖြစ်ရာဘ၀တွင် အဆင်းမလှခြင်း
ဆွံ့အခြင်းများဖြစ်တတ်ပါသည် ။ ဓမ္ဖမစ္ဆရိယကြောင့်လည်း ၀ဏ္ဏမစ္ဆရိယနည်းတူ ဆိုးကျိုးများကို ခံစားရတတ်ပါသည် ။

ဘ၀တက်လမ်းကို ပိတ်ပင်တားမြစ်ခြင်းဟူသော မနာလိုခြင်း က္ကဿာနှင့်နှမြောခြင်း မစ္ဆရိယတို့ဧ။် ဆိုးကျိုးများ ကို တစ်သက်တာမှတ်မိသိရှိ ရှောင်ကြဉ်နိုင်ရန် အဘိဓဇမဟာရဠဂုရု ရွှေဟင်္သာ ဆရာတော်ကြီးက
“ က္ကဿာမစ္ဆေ ၊ နှစ်ထွေဟိန ၊ ထိုဓမ္မတို့  ၊ ကျရောက်ကိန်းခို ယင်းပုဂ္ဂိုလ်ကား ၊ ထိုဤကာလ ၊
ဘ၀စ၌ ၊မရကောင်းကျိုး ၊ မတိုးဂုဏ်သိန် ၊ အရှိန်မဲ့ ကင်း ၊ ဆင်းရဲတွင်းသို့  ၊ သက်ဆင်းတတ်ပေ ၊ သို့ ဖြစ်ထွေကြောင့် ၊ အရှည်မျှော်ထောက် ၊ ဆင်းရဲကြောက်၍ အောက်အပါယ်ဝဋ် ၊ကင်းလိုလတ်မှု ၊သတ္တုရန်နှစ်ဆိုးအညစ်ကို ၊ အရစ်အရံ ၊ပူးမခံပဲ ၊တွန်းလှန်ပယ်ခွင်း၊ ပြုထိုက်လျှင်းသည် ။ အတွင်းရန်သူပါတကား ၊မင်း ရန်သူပါတကား ။” ဟု သတိပေးရေးစပ်တော်မှုခဲ့ ပါသည်။

 
မေတ္တာရှင်(ရွှေပြည်သာ)
မျက်ရည်မကျခင် သိစေချင်စာအုပ် မှတင်ပြသည်။
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်