အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ငါ ငိုနေပါရော့လား

ငါ ငိုနေပါရော့လား

Written By MyanmarChnnel@ on Monday, July 15, 2013 | 9:11 PM

နေ့ရက်တွေသာ
တဖြုတ်ဖြုတ်ကြွေ
မရေရာတာ ဘ၀တဲ့လား ....

သတိရစိတ်သာ တိုးလို့လာ
မေးချင်ပါတယ် အချစ်လား ....

မမေ့နိုင်တာ အမြဲပါ
သိနိုင်တယ်လား
မေ့သက်ထားရယ်...


နေ့ရက်တွေသာ နောက်ကိုပြန်ဆွဲလို့ရရင်
ပြန်ဆွဲပစ်ချင်ပါရဲ့
အချိန်တွေသာ ရပ်တန့်လို့ရရင်
ရပ်ထားချင်ပါရဲ့ ။

ဒါပေမယ့် .....
သဘာဝတရားကို
ငါမှမလွန်ဆန်နိုင်ခဲ့ပဲ။

အချိန်တန်လို့ ပြန်သွားတဲ့
သူ့ကျောပြင်ကိုသာ ငေးရင်း ...

မျက်ဝန်းအောက်မှ ပျောက်ကွယ်ချိန်
အလွမ်းခန်းရေးဖို့
အုံးနေကျ ခေါင်းအုံးလေးပေါ်
ခေါင်းချချိန်မှာတော့ ...

မျက်ဝန်းထက်က
ပူနွေးတဲ့ စီးကြောင်းတစ်ခု
သြော် ......
ငါ ငိုနေပါရော့လား ။

                                                        ကြိုးစားပါအုံးမည်။
                                                             ဆုလေးနွယ်
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်