အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » မလာပါနဲ့ ....

မလာပါနဲ့ ....

Written By MyanmarChnnel@ on Monday, July 15, 2013 | 9:29 PM

အကြင်နာလမ်းခင်း
ချစ်ခရီးတွေ အတူလျှောက်ခဲ့ပြီးမှ
သမုဒယနွယ်ဖြတ်
သံယောဇဉ်ကိုမြေမြုပ်ရမဲ့အဖြစ်။


မျှော်လင့်ချက်တွေ တစ်သီကြီး ပေးခဲ့ပြီးမှ
စိတ်ကူးယဉ်အိပ်မက်ထဲက
နိုးထပါတဲ့လား။


နင်နဲ့ကျမှ အလွမ်းဆိုတာကို
ပတ်သတ်ဖူးတဲ့ငါ ....
နင့်ထက်မလျှော့တဲ့ မာနတော့ရှိပါတယ်။



လွမ်းမယ်ဆိုရင်လဲ
 နင်မသိတဲ့အခန်းငယ်မှာ
ငါတစ်ယောက်ထဲလွမ်းမယ်။
ကျောခိုင်းပြီးမှ ငါ့နားပြန်မလာပါနဲ့
ငါ့ရင်တွေ နာလွန်းလို့ပါ။


နင့်ကြောင့် .......

 ငါ့နှလုံးသားတွေ သေဆုံး
ရင်ခုန်သံတွေသေဆုံး
အရာအားလုံးသေဆုံးသွားခဲ့ပြီ။

နင်ရက်စက်လွန်းလှတယ်လို့
ငါ မပြောတော့ပါဘူး .....
ငါ့အပြစ်နဲ့ငါသာ ရှိပါစေတော့......


အချစ်များတဲ့ နင့်ကို
ငါကြောက်ပါတယ်။
ငါ့အချစ်ကိုတော့
နင် အလေးထား တန်ဖိုးထားပေးပါ ....


နင်မနေချင်လို့ ထွက်သွားပြီးရင်
ငါ့ဆီ ပြန်မလာပါနဲ့ ။
ကွဲပြီးတဲ့အသဲ ထပ်တစ်ခါ မကွဲချင်လို့ပါ
ငါ သိပ်ချစ်တယ် ....


ဒါပေမယ့်


ပြန်မလာပါနဲ့
ကျေးဇူးပြုပြီးပြန်မလာပါနဲ့ ......




                                                      ကြိုးစားပါအုံးမည်။
                                                           ဆုလေးနွယ်




Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်