ကျွန်မရဲ့ ကြင်နာသူ
Written By MyanmarChnnel@ on Monday, July 15, 2013 | 9:48 PM
မာနကို ကိုးကွယ်
အတ္တကို ကိုယ်ရံတော်လုပ်
အထီးကျန်ခြင်းကို ဆရာတင်
အသဲခွဲဘုရင်မဆိုတဲ့ဘွဲ့ကို
ရင်ဝယ်ပိုက်လို့ အားလုံးအလယ်မှာ
နီရဲရဲနှင်းဆီ တစ်ပွင့်လို
မာနသခင်မ ဖြစ်ခဲ့တဲ့ကျွန်မ....
သခင်နဲ့တွေ့မှ အတ္တကိုခ၀ါချ
မာနကိုဘေးဖယ်
အထီးကျန်မှာသေအောင်ကြောက်
အသဲကွဲမှာမလိုချင်ဆုံး ဖြစ်လာခဲ့သူ......
အချစ်ဆိုတာကို မခံစားတတ်တဲ့ကျွန်မ
သခင့်နှုတ်ခမ်းက စကားတစ်ခွန်း
နားဆင်ရရုံနဲ့ မိန်းမောတွေဝေတတ်လာသူ.....
သာယာချိုမြိန်တဲ့ သခင့်အနမ်းအောက်
ရှက်သွေးဖြန်းလို့ ခေါင်းငုံကြွေကျ
ပန်းခရေ မြေခလာခဲ့သူ.......
ကြင်နာနွေးထွေးတဲ့ မျက်ဝန်းအောက်
အခါခါကျရှုံး ရင်ခုန်တတ်လာတဲ့ကျွန်မ
အချစ်ဆိုတဲ့ ဇာတ်ဆရာအောက်
လွမ်းချင်းတွေ အခါခါ ရေးတတ်လာသူ.....
ရင်ခုန်သံတွေ တဒုန်းဒုန်း
နှလုံးသွေးတွေ ဆူပွက်လို့
မောဟိုက်နေအောင်ပြုစားနိုင်ရက်သူ...
သူဟာ....
ကျွန်မရဲ့ကြင်နာသူ .....................
ကြိုးစားပါအုံးမည်။
ဆုလေးနွယ်
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
Labels:
(ဆုလေးနွယ်),
ကဗျာ
0 comments:
Post a Comment