နင်ကလိပ်ပြာဆို ငါက ပန်းပွင့်လေးပေါ့
နင်က ရေဆို ငါကဗေဒါပင်လေးပေါ့
နင်က သစ်ပင်ဆို ငါက သဇင်ပေါ့
နင်က လေပြေဆို ငါက လေညှင်းပေါ့
နင်က နေမင်းဆို ငါက လမင်းပေါ့
နင်က အပြုံးဆို ငါက နှုတ်ခမ်းပါးပေါ့
နင်က ရေဆို ငါကဗေဒါပင်လေးပေါ့
နင်က သစ်ပင်ဆို ငါက သဇင်ပေါ့
နင်က လေပြေဆို ငါက လေညှင်းပေါ့
နင်က နေမင်းဆို ငါက လမင်းပေါ့
နင်က အပြုံးဆို ငါက နှုတ်ခမ်းပါးပေါ့
နင်က မျက်ဝန်းဆို ငါက အကြည့်ပေါ့
နင်က နှလုံးသားဆို ငါက အချစ်ပေါ့
နင်က မျှော်လင့်ခြင်းဆို ငါက လွမ်းဆွေးခြင်းပေါ့
နင်က တမ်းတခြင်းဆို ငါက ငိုကြွေးခြင်းပေါ့
နင်က အိပ်မက်ဆို ငါက နင့်ကမ္ဘာငယ်ပေါ့
နင်နဲ့ငါက ဘယ်လိုမှခွဲမရတဲ့ သံယောဇဉ်ကြိုးတွေနဲ့
နှောင်ဖွဲ့ထားတဲ့ ငါတို့နှလုံးသား
နင့်အတွက် ငါ လိုအပ်သလို ငါ့ အတွက်လဲ နင်ရှိမှဖြစ်မယ်
အရာအားလုံးက နင်နဲ့ထပ်တူကျနေလို့
ငါက နင့်ဘ၀ ဖြစ်သလို
နင်လဲ ငါ့ဘ၀ဖြစ်နေလို့ပါ ....................
ကြိုးစားပါ အုံးမည်။
ဆုလေးနွယ်
0 comments:
Post a Comment