အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » , » "... မြတ်သောမိန်းမ ..."

"... မြတ်သောမိန်းမ ..."

Written By MyanmarChnnel@ on Monday, July 15, 2013 | 11:09 PM

အကြင်မိန်းမသည် ...

၁။ စားသောအခါ ...

၂။ အ၀တ်တန်ဆာပြုပြင်ဆင်ယင်သောအခါ ...
ဤ အခါတို့၌ အမိကဲ့သို့ နှစ်သက်ဖွယ်ပြုပြင်ပေးတတ်၏ ။

၃။ လျို့ဝှက်အပ်ကုန်သော မကျစ်မလစ်သောအရာတို့၌
နှမကဲ့သို့ လွန်စွာရှက်တတ်၏ ။

၎။ အမှုကိစ္စဆောင်ရွက်သောအခါ ...

၅။ လင်၏အနီးအပါးသွားလာသောအခါ ...

ဤ အခါတို့၌ ကျွန်မကဲ့သို့ ရိုသေစွာပြုတတ်၏ ။

၆။ ဘေးရန်အန္တရာယ်တွေ့ကြုံလာသောအခါ၌ တိုင်ပင်ဖေါ်တိုင်ပင်ဖက်ရ၏ ။

၇။ အိပ်သောအခါတို့၌ မွေ့လျော်စေတတ်၏ ။

၈။ အရောင်အဆင်းပြုပြင်ခြင်းတို့၌ တင့်တင်စွာပြုပြင်တတ်၏ ။

၉။ လင်ယောက်ျားက အမျက်ထွက်သောအခါ သည်းခံတတ်၏ ။

- ဤလက္ခဏာဂုဏ်ရည် အလီလီနှင့်ပြည့်စုံသော အမျိုးကောင်းသမီးကို
မိန်းမမြတ် ဟူ၍ ပညာရှိတို့ ဆိုမိန့်တော်မူကြကုန်၏ ။

ထို မိန်းမကောင်း မိန်းမမြတ်သည် ဒီဘ၀ ဒီခန္ဓာကို စွန့်ခွါရသည်ရှိသော်
နောက်ဘ၀၌ နတ်ပြည်နတ်ရွာ ကောင်းမြတ်သောသုဂတိဘ၀ဇာတ်သို့
မုချဧကန် ရောက်ရမည်မှာ အမှန်ဖြစ်၏ ။ . . . ။


ဘုတ္တေသု မန္တေသု ဇနီ ၀ ကန္တိနီ ၊ ဂုယှေသု ဌာနေသု ဘဂိနီ ၀ ဟိရီနီ ။
ကမ္မေသု ပတ္တေသု ကရီ ၀ ဒါသိနီ ၊ ဘယေသု မန္တီ သယနေသု ရမတီ ။
ရူပီသု သိက္ခီ ကုဗ္ဗနေသု ခမနီ ၊ သာ နာရီ သေဋ္ဌီတိ ၀ဒန္တိ ပဏ္ဍိတာ ။
ကာယဿ ဘေဒါ စ ဒိဝေ ဘဝေယျ သာ ။ ။
( လောကနီတိ - ဣတ္ထိကဏ္ဍ ဂါထာ - ၁၃ )

ရွှေနီဆရာတော် မှကူးယူဖော်ပြအပ်ပါသည်။

- Ko Ko Waizayantar

photo credit- Cute Myanmar Girl
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်