သိမ်းထားဖို့မှ မဟုတ်တာ
သူများကို ပေးဖို့အတွက်တဲ့
ပေးဆိုတိုင်း တွေ့သမျှတော့ မပေးလိုက်ပါနဲ့
တန်ဖိုးသိသူကိုပေးမှ တန်ဖိုးရှိမှာမို့ပါ။
ကမ္ဘာပေါ်မှာ နှလုံးသားသော့ကို
ဖွင့်နိုင်တာ အချစ်ဆိုတဲ့ သော့တံလေးပဲရှိတယ်။
ဒါပေမယ့် သော့အစစ်ဖြစ်ဖို့တော့လိုတယ်
ဖွင့်တိုင်း ထထ မဖွင့်ပေးပါနဲ့။
ကိုယ်မဆင်ခြင်မိတဲ့အရာတွေဟာ
ကိုယ်တစ်ကယ်ချစ်တဲ့လူနဲ့တွေ့ရင်
ကိုယ်ဘယ်လောက်ရိုးသားပြလဲ
အကျိုးမသက်ရောက်ပဲ ဖြစ်နေမှာမို့ပါ။
အချစ်ဆိုတာပေးဖို့မှန်ပေမယ့်
တကယ့်အချစ်စစ်နဲ့ တွေ့တဲ့သူပဲ
ဖြစ်ကြပါစေ ......
လေးစားစွာဖြင့် ....
ဆုလေးနွယ်
ကြိုးစားပါအုံးမည်။
0 comments:
Post a Comment