အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » , » အမှားတွေနဲ့ငါ .....

အမှားတွေနဲ့ငါ .....

Written By MyanmarChnnel@ on Tuesday, July 16, 2013 | 10:37 PM

အချစ်ဆိုလို့ ချစ်ကြတဲ့ခါ
ပိုချစ်သူက ပိုပြီးရှုံးသူ
ပိုပြီး မှားသူပါ။

အရာရာကို သတိထား
ပြုပြင်နေရင်းနဲ့ အမှားလမ်းပေါ်
မဖိတ်ခေါ်ပဲရောက်သွားတတ်တယ်။

နားမလည်နိုင်တာလဲ မဟုတ်ခဲ့ဘူး
သ၀န်တိုတာလဲ မဟုတ်ခဲ့ဘူး
သဘောထားသေးသိမ်တာလဲ မဟုတ်ဘူး
ဝေးကြဖို့လဲမဟုတ်ဘူး
စိတ်ကောက်ကြဖို့လဲ မဟုတ်ခဲ့ပါဘူး။

လွမ်းရတဲ့ အလွမ်းတွေကြောင့်
အလွမ်းပြေ ချစ်သူမျက်နှာ အသံလေးကို
နှလုံးသားနဲ့ နားဆင်ချင်ရုံပါ။

အလွမ်းတွေ မပြေသေးခင်
ခဏလေး နော် ဆိုတဲ့ စကားလုံးတစ်ခုကို
သေအောင်ကြောက်တတ်ခဲ့သူလဲ
ဖြစ်နေခဲ့လို့ပါ။

တားမနိုင်ဆီးမရဖြစ်နေခဲ့တဲ့
ဒီအချစ်တွေ ပိုချစ်လေ ပိုမှားလေ
ဖြစ်နေတဲ့အတွက်
ဘယ်လို ထိန်းချုပ်မှုနဲ့ ထိန်းချုပ်ရတော့မှာလဲ။

ချစ်ခဲ့ကြတာ လမ်းခွဲကြဖို့ မဟုတ်သလို
အလွမ်းတေးသီ ရင်ကွဲတေး တွေ
ဆိုဖို့လဲ မဟုတ်ခဲ့ဘူး

ဒါပေမယ့်...... ဒါပေမယ့်ပေါ့ .....

သိပ်ချစ်မိသွားတဲ့ အခါမှာ
ကိုယ်ဖြစ်ချင်တာတွေ ဖြစ်မလာပဲ
မဖြစ်ချင်တာတွေ ဆက်တိုက် လက်ခံရမယ် ဆိုတာ
နားမလည်ခဲ့တဲ့အတွက်
အမှားတွေ ပဲ ထပ်ခါဖြစ်ရင်း
အမှားတောထဲက ရုန်းမထွက်နိုင်ဖြစ်ခဲ့သူပါ ဟာ......

                                                                            ဆုလေးနွယ် 

Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်