အချစ် ဆိုတာ အ လို့ ချစ်တာ ဆိုရင်
အလွမ်း ဆိုတာ အ လို့ လွမ်းတာပေါ့။
အပြုံး ဆိုတာ အ လို့ ပြုံးတာ ဆိုရင်
အငို ဆိုတာ အ လို့ပဲ ငိုတာပေါ့။
အမုန်း ဆိုတာ အ လို့မုန်းတာ ဆိုရင်
အတွေး ဆိုတာ အ လို့ တွေးတာပေါ့။
အမှား ဆိုတာ အ လို့ မှားတာ ဆိုရင်
အမှန် ဆိုတာ အ လို့ မှန်တာပေါ့။
အပျော် ဆိုတာ အ လို့ပျော်တာဆိုရင်
အဆွေး ဆိုတာ အ လို့ ဆွေးတာပေါ့။
အနိုင် ဆိုတာ အ လို့နိုင်တာဆိုရင်
အရှုံး ဆိုတာ အ လို့ ရှုံးတာပေါ့။
အကြင်နာ ဆိုတာ အ လို့ကြင်နာပေးတာ ဆိုရင်
အရမ်းချစ်တယ်ဆိုတာ အ လို့ ရမ်းချစ်တာပေါ့။
ဟုတ်လား? ????????
သိချင်လို့ပါ ဖြေကြည့်ပေးနော် ..
လေးစားစွာဖြင့်
ဆုလေးနွယ်
ဖြေကြည့်ပေးပါ
Written By MyanmarChnnel@ on Tuesday, July 16, 2013 | 11:39 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
Labels:
(ဆုလေးနွယ်),
ကဗျာ
0 comments:
Post a Comment