အချစ်ဆိုတာကို မခံစားနားမလည်တတ်တဲ့ကျွန်မ...
သူနဲ့တွေ့မှ အချစ်ဆိုတာကို နားလည် လာတယ်။
ကျွန်မကိုပြောကြတယ် အသဲမှ မရှိတာတဲ့ ....
ကျွန်မမှာ ဘာမှ မလုပ်ဖြစ်သေးတဲ့ အဖြူရောင် အသစ်စက်စက် နှလုံးသားနဲ့ ဖြူဖွေးနုနယ်တဲ့ အသဲတစ်ခု
ရှိပါတယ်။ ဟို ရင်ခွင်ထဲက အခန်းငယ်လေးမှာ အိပ်မောကျနေတာ နှစ်တွေလဲကြာခဲ့ပေါ့။
သူနဲ့တွေ့မှ နိုးထ လာတဲ့ အဖြူရောင်နှလုံးသား ကျွန်မကိုယ်ကျွန်မ သတိမထားမိခင်မှာ သူ ပြုသမျှ အရာမှန်သမျှ အားလုံး ကျွန်မနှလုံးသားက လိုက်လို့ နာခံနေတယ်။ သူ ပြောသမျှ ပျော်ရွှင်တယ် ၀မ်းနည်းတယ် ကြေကွဲတယ် နာကျင်တယ် စသဖြင့် ရသမျိုးစုံ ကျွန်မခံစားတတ်လာတယ်။
သူကဇာတ်ဆရာဆို ကျွန်မက အငြိမ့်မင်းသမီးပေါ့။ ဇာတ်ဆရာ အလိုကျ ကျွန်မ ကပြ ချင်တယ်။
ခက်တာက လူရွှင်တော် အသဲနဲ့ ဦးနှောက် ။ ဇာတ်က မယ်ဆို လူဆိုး အမုန်းနဲ့ နာကျင်ကြေကွဲစရာတွေ သွားခေါ်လာတယ်။ အဲမှာတင် ကျွန်မ ငိုချင်းချရတော့မယ့်အဖြစ်။ သီချင်းနာမည်က နားလည်တယ် ကကွက်က ခွင့်လွှတ်ခြင်း .....
ကဲ အဲလောက်ရှင်းနေတာကို ကျွန်မ ဆက်မကနိုင်အောင် အလွမ်းမျက်ဝန်းဆရာရှေ့ ငိုချင်းချရတော့တယ်။ ကျွန်မနားလည်ပေးနိုင်တယ် နားလည်မပေးနိုင်တာက အသဲ။ ခွဲထုတ်လို့ရရင် ခွဲပစ်လိုက်တယ်။ သူချစ်သလို ကျွန်မလဲချစ်တာပဲ။
ကျွန်မ နှလုံးသား က နားလည်နေရက်နဲ့ အသဲက ဖြစ်ချင်တာကိုပဲ သိတယ်။ သူ့အပြုံးတွေ အမြဲတွေ့ချင်တယ်။ သူ့ရယ်မောသံ ကျွန်မ အမြဲကြားချင်တယ်။ သူ့အတွက် အရာရာပေးဆပ်နေချင်တယ်။ သူနဲ့အတူ နေခွင့်မရတောင် တစ်မိုးအောက်မှာ အတူရှိနေတယ် ဆိုပြီး တွေးဖြေမယ့်သူ။ ပုလဲမျက်ရည် ရစ်ဖွဲ့သီလို့ သူပျော်နေတာကို အမြင်ချင်ဆုံး။ ဒါက ကျွန်မနှလုံးသားရဲ့ အတ္တ။
ကျွန်မကလွဲပြီး ဘယ်သူနဲ့မှ မပြောနဲ့ ။ ဘယ်သူကိုမှ ချစ်ခွင့် မပေးနိုင်တာ ။ သူတစ်ယောက်ကိုသာ ရူးမိုက်စွာချစ်တာ။ ကိုယ့်ဘ၀ထက် ပိုချစ်တာ။ ဘယ်လိုမှ အဆုံးရှုံးမခံနိုင်တာ။ စကားလုံးနဲ့တောင် အဝေးမခံနိုင်အောင်ချစ်တယ်။ ကျွန်မကလွဲပြီး ဘယ်သူကိုမှ ကြည့်ခွင့်မပေးနိုင်ဘူးလို့ ကြွေးကြော်ထားတဲ့
ကျွန်မရဲ့ အသဲ မာန အတ္တ။
ကဲ လူတစ်ယောက်ထဲ နှစ်မျိုးဖြစ်နေခဲ့တဲ့ကျွန်မ ။ သူမေးရင် ဘာကိုဖြေရမှာလဲ။ ကျွန်မ အဲအဖြေတွေ မဖြေတတ်ခဲ့ဘူး ။ ရင်တွေ မီးလိုပူ အေးမြပါတယ်ဆိုတဲ့ သူ့အသံ ကြားနေလဲ ကျွန်မ အတွေးသံသရာလည်နေတဲ့ထိ မှိုင်ငေးနေမိတယ်။ ကျွန်မ သိတာက ချစ်တာတစ်ခုပဲ ။ ကျွန်မ နားလည်ပေးနိုင်ပါရက် ဘာဖြစ်နေတာလဲ ......
ပြန်မေးမိပါတယ်။ ကျွန်မ အကြိမ်ကြိမ်မေးခဲ့ပါတယ်။ တူညီတဲ့ အဖြေက ကျွန်မ သူ့ကို သိပ်ချစ်တယ် ဆိုတာပဲသိတယ်။ တကယ်တော့ အချစ် ကျေးကျွန်မလေးဖြစ်ခဲ့တဲ့ကျွန်မ သူလုပ်သမျှ လိုက်လို့ နာ ကျင်နေတတ်တာ ပါ ။
အားလုံးရဲ့ အဖြေ မှာ တူညီတာကတော့ ကျွန်မ သူ့ကိုသိပ်ချစ် ခဲ့တယ် ဆိုတာပဲ။
ဟုတ်တယ် ကျွန်မ အရမ်းချစ်ခဲ့တယ် အဲ အတွက်လဲ ကျွန်မ နာကျင်တာတွေ များတာ။ ချစ်နေတာကို
မချစ်နဲ့လို့မှ တားမရတော့ လဲ ချစ်နေလိုက်တော့မယ်။
ကျွန်မ သူ့ကို သိပ်ချစ်ခဲ့သည်..........
ဆုလေးနွယ်
ကျွန်မ သိပ်ချစ်ခဲ့သည်
Written By Anonymous on Thursday, July 11, 2013 | 8:28 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
0 comments:
Post a Comment