အရာအားလုံး စွန့်လွှတ်ရရင်တောင်
သတိရခြင်းတော့ ငါ ပိုင်ဆိုင်တယ်။
ပျော်ရွှင်မှုတွေ အားလုံး နင်ယူသွားတောင်
ကြေကွဲခြင်း ၀မ်းနည်းခြင်းတွေ ငါ ပိုင်ဆိုင်တယ်။
အပြုံးတွေအားလုံး နင်သိမ်းသွားတောင်
ငိုကြွေးခြင်းတော့ ငါ ပိုင်ဆိုင်တယ်။
ငါ့ အချစ်တွေ နင်ယူသွားတောင်
မမေ့နိုင်ခြင်းတော့ ငါ ပိုင်ဆိုင်တယ်။
ခါးသီးခြင်းတွေ နင်ပေးခဲ့တောင်
မမုန်းနိုင်ခြင်းတွေ ငါ ပိုင်ဆိုင်တယ်။
ရက်စက်ခြင်းတွေ နင်ပေးခဲ့တောင်
ငိုကြွေးခြင်းတွေ ငါ ပိုင်ဆိုင်တယ်။
မျှော်လင့်ချက်တွေ နင်ရိုက်ချိုးသွားတောင်
တမ်းတခွင့်တော့ ငါ ပိုင်ဆိုင်တယ်။
ဘယ် အရာမဆို အားလုံး နင် လုပ်ခဲ့တောင်
နင်နဲ့ ဆန့်ကျင်ဘက်တစ်ခုကို ငါ ပိုင်ဆိုင်တယ်။
နင် ပျော်ရွှင်ဖို့အတွက် တစ်ဖက်က မပျော်ရွှင်ခြင်းတွေ
ငါ အားလုံး အစားထိုးခံ ပိုင်ဆိုင်လိုက်ပါတယ်။
ငါ့အချစ်က ရယူခြင်း မဟုတ်ခဲ့တောင်
ပေးဆပ်ခြင်း စွန့်လွှတ်ခြင်းတော့ ငါ ပိုင်ဆိုင်ပါတယ်။
ချစ်တတ်ကြပါစေ ......
ဆုလေးနွယ်
ငါ ပိုင်ဆိုင်တယ် ...
Written By Anonymous on Friday, July 12, 2013 | 7:30 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
0 comments:
Post a Comment