အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » စူးနင့်နေ အောင် ချစ်တာပါ

စူးနင့်နေ အောင် ချစ်တာပါ

Written By Anonymous on Friday, July 12, 2013 | 7:36 PM

မကြင်နာလို့ မဟုတ်ခဲ့ပါဘူး
ရင်မှာ စူးနင့် ချစ်ခဲ့သူပါမောင် ...

ဝေဒနာတွေ မပေးရက်ပါဘူး
အားငယ်သူမို့ ဖြေတွေးပေးပါမောင်.....

နာကျင်မှုတွေ မပေးရက်ပါဘူး
အပျော်စေချင်ဆုံးသာ ဖြစ်ချင်သူပါမောင်....

ဝေးရမှာကို မတွေးရက်ခဲ့ပါဘူး
အနီးဆုံးမှာ ရှိချင်လို့ပါမောင် ......

အပြုံးတွေ မလှပစေချင်လို့ မဟုတ်ပါဘူး
ဖြေစရာရင်မှာ သောကများနေလို့ပါမောင် ......

တကယ်တော့မောင်ရယ် .....................
ရေကျသူ အားကိုရှာ နွယ်တစ်ပင်ကို
တင်းတင်းဆုပ်ကိုင်သလိုမျိုး
ဆု ဘ၀မှာ အလင်းရောင်ဖြစ်တဲ့
မောင် ဆိုတဲ့ နွယ် ပင်ကို 
အားကိုးတကြီးဖက်တွယ်လို့  ရူးမိုက်သူပါမောင်။

အကြောင်းပြချက်မရှိ  ချစ်မိတဲ့ အချစ်ကြောင့်
မောင့် အပေါ်မှာ မောင့်နားမှာ ကလေးတစ်ယောက်လို
အပူပင်မဲ့ နေချင်မိတာပါမောင် .......

အရမ်းချစ်တယ်  အရမ်းချစ်လို့ ပါ
အဲထက်လဲ ပိုမပြောတတ်တော့ပါဘူး
အမုန်းမရှိတဲ့ အနှိုင်းမဲ့ အချစ်တွေ နဲ့
စူးနင့်နေ အောင် ချစ်တာပါ မောင်ရယ် ...............


                                                                   ဆုလေးနွယ်
Share this article :

1 comments:

  1. ကောင်းလိုက်တဲ့စာလေးတွေဖတ်လိုကောင်းတယ်နော်........ဆရာမလေး

    ReplyDelete

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်