ငါ မကြောက်တတ်လို့ အချစ်ဆိုတဲ့တွင်းထဲ ခုန်ချခဲ့တာပါ။
မိုက်ရူးရဲဆန်တယ်ပြောမလို့လား ...
ငါ စူးစမ်းလေ့လာလိုက်တာပါ
တကယ်ချစ်သွားတာတော့လဲ ငါ မတတ်နိုင်ဘူးပေါ့ ။
ငါ့အသဲကို နင့်အတွက် ပေးထားပြီးသားပါ
နင် မှောက်လို မှောက် သွန်လိုက သွန်နိုင်တယ်
ငါ အားလုံးပေးအပ်ထားလိုက်လို့
နင် ငါ့အသဲကွဲမယ်ဆိုလဲ
ငါရဲရဲကြီး အကွဲခံပါတယ်
အချစ်မရှိမှတော့ အသဲကွဲတယ် ဆိုတာလဲ
တခမ်းတနားနဲ့ အဆန်းအပြားလဲ မဟုတ်တော့ဘူး
ငါ ရင်ကွဲသွားတာထက် နင် ဆုံးရှုံးလိုက်တာက
အချစ်စစ်တစ်ခုကို နင်ဘယ်တော့မှ ပြန်မရနိုင်တော့ဘူးလေ ...
ဆုလေးနွယ်

0 comments:
Post a Comment