နင်နဲ့အတူပျော်ခွင့်မရသေးပေမယ့်
စိတ်ကူးနဲ့အတူနေရာအနှံ့ငါလည်ပတ်ပစ်တယ်
နင်နဲ့အတူ
မရသေးတဲ့ အမှတ်တရတွေကို
ငါ အတွေးနဲ့ သိမ်းပိုက်ပစ်တယ်
နင့်ဆီက
အကြင်နာတွေ
ငါ မခံယူရသေးပေမယ့်
စိတ်ကူးနဲ့ ငါ
ယူပစ်လိုက်တယ်
ကဲ ... ဘယ်သူဘာပြောချင်သေးလဲ
ငါ လိုချင်တာ
အားလုံးကို
စိတ်ကူးနဲ့ သိမ်းပိုက်ပစ်တာကိုပေါ့ ..
ဆုလေးနွယ်
0 comments:
Post a Comment