အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » မင်းကြောင့်

မင်းကြောင့်

Written By MyanmarChnnel@ on Monday, October 28, 2013 | 8:52 PM


အရေးမပါတဲ့ အဆွေးကဗျာတွေ
ရေးနေရတာ မင်းကြောင့်

ဝေးရတဲ့အကြောင်း အထပ်ထပ်တွေး
ငေးနေရတာ မင်းကြောင့်

အိပ်မက်ကို စိုးမိုး ငါ့အိပ်ရေးတွေ
အခါခါပျက်ရတာလဲ မင်းကြောင့်


တည်ငြိမ်နေတဲ့ ငါ့နှလုံးသား
ဝုန်းဒိုင်းကျဲလို့ ထိန်းမရအောင်
ဖြစ်နေခဲ့တာလဲ မင်းကြောင့်

မင်းဆီက အပြုံးတစ်ပွင့်ရဖို့
မာနတွေ အကြိမ်ကြိမ်ချ နင့်ရှေ့မှောက်
ဒူးထောက်ခစားရတာလဲ မင်းကြောင့်

ညညဆို ကဗျာရေး အလွမ်းတေးတွေနဲ့
ရင်ခုန်သံ မစဲသမျှ ရေးနေရအုံးမယ်ဆိုရင်လဲ
မင်းကြောင့်ပါပဲကွာ....

ဆုလေးနွယ်
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်