တမာရွက်သည် ခါးသောအရသာရှိ၏ ။ ကြေညက်သောအခါ စပ်ဖျဉ်းဖျဉ်းရှိ၏။ လေ ၊သည်းခြေ သလိပ်တို့ကို ပယ်တတ်၏ ။
၁။ တမာပွင့်ကို ရှူရှိုက်လျှင် အမူးအမော်ပြေစေသည်။
၁။ တမာပွင့်ကို ရှူရှိုက်လျှင် အမူးအမော်ပြေစေသည်။
၂။ တမာစေးကို အားဆေး ၊ အစာကြေဆေးဖော်စပ်ရာတွင် ထည့်သွင်းအသုံးပြုသည်။
၃။ အသီးရဲ့ အဆီကို ယားယံသောအနာများပျောက်ကင်းရန်၎င်း ၊ သံချဆေး
အဖြစ်၎င်းသုံးနိုင်သည်။
အဖြစ်၎င်းသုံးနိုင်သည်။
၎။ တမာခေါက်ကိုသွေးပြီး ဆားနှင့်သောက်သော် အဖျားပျောက်၏ ။
၅။ တမာရွက်ကို ပြုတ်ပြီ ရေချိုးက အယားအယံပျောက်၏။
တမာရွက်ရည်ကို မျက်စိ၌ ခပ်ပေးခြင်းဖြင့် မျက်စိ ယားယံခြင်း ၊ ပူခြင်း ၊
မျက်ရည်ပူကျခြင်းပျောက်၏။
တမာရွက်ကို ကျွမ်းအောင်လျော် အမှုန့်လုပ်ပြီး ဆားအနည်းငယ်ထည့်ပြီး
နေ့စဉ် သွားတိုက်ပေးပါက သွားကိုက် သွားနာရောဂါကင်းဝေးပြီး သွားများ
ကို ဖြူစင်ခိုင်မာစေ၏။

၆။ တမာသီးကို နေ့စဉ်စားပေးလျှင် ဆီးရောဂါ ပျောက်၏။
၇။ တမာ အရိုးတံကို သွားကြားထိုးတံအဖြစ် အသုံးပြုခြင်းဖြင့် သွားရောဂါ
ကင်းစင်စေ၏။
ကင်းစင်စေ၏။
(ကျန်းမာရေးအတွက် အသုံးဝင်ဆေးမြီးတိုများမှ ပြန်လည်ကူးယူမျှဝေပါသည်။)
0 comments:
Post a Comment