အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » , » - ငရဲဘုံတို့တည်ရာမြေကမ္ဘာ -

- ငရဲဘုံတို့တည်ရာမြေကမ္ဘာ -

Written By MyanmarChnnel@ on Sunday, December 15, 2013 | 6:27 PM

"" ငရဲဘုံတည်ရာဌာန ""

--- လူသားတို့ မကောင်းမှုအကုသိုလ် ပြုကြ၍ ကျရောက်ခံစားရသော
ငရဲကြီးရှစ်ထပ်နှင့် ငရဲငယ် အသွယ်သွယ်တို့သည် ရွှံ့မြေဟုခေါ်သော
(ပံသုပထ၀ီ) - အတွင်း၌ တည်ရှိလေသည်။

"" ငရဲထောင်ကြီးတည်ရှိနေပုံ ""

--- ငရဲကြီး ရှစ်ထပ်လုံးသည် သံမိုး၊ သံမြေ၊ သံတံတိုင်းတို့ဖြင့်
အုပ်ဖုံးခင်းရံလျက် ဂဟေစပ်ထားသကဲ့သို့ရှိပြီ လေးထောင့်စပ်စပ်
သံသေတ္တာကြီး ရှစ်လုံးနှင့် တူပါသည်။

(- အတွင်း၌ ယူဇနာ တစ်ရာ ကျယ်သည်။ (တစ်ယူဇနာ=ပျမ်းမျှ ၁၀-၁၃ မိုင်)
- လေးမျက်နှာ၌ သံတံခါး တစ်ပေါက်စီရှိသည်။
- အရှေ့နံရံမှထသော မီးတောက်မီးလျှံသည် အနောက်နံရံထိ စွဲ၏။
- အနောက်နံရံမှထသော မီးတောက်မီးလျှံသည် အရှေ့နံရံထိ စွဲ၏။
- မြောက်နံရံမှထသော မီးတောက်မီးလျှံသည် တောင်နံရံထိ စွဲ၏။
- တောင်နံရံမှထသော မီးတောက်မီးလျှံသည် မြောက်နံရံထိ စွဲ၏။
- အောက်ကမီးလျှံက အထက်ထိ၊ အထက်ကမီးလျှံက အောက်အထိစွဲ၏။
- တံတိုင်း အမိုးတို့မှ အပြင်ဘက်သို့ ဖြာထွက်သောမီးလျှံသည်
ယူဇနာ တစ်ရာတိုင်တိုင် ရောက်သည်။
- ငရဲအတွင်းဝယ် တွင်းတွေ၊ ကျင်းတွေ၊ ဖုတွေ၊ ထစ်တွေ၊ ဆူးငြောင့်ခလုတ်တွေ၊ သင်တုန်းဓား စီထားသော မြေတွေသာ များသည်။
- ရေများသည် ကျိုက်ကျိုက်ဆူနေသော မြစ်ရေ၊ ချောင်းရေ တွေသာရှိ၏။
- သစ်ပင်များသည် သန်လျက်ချွန်တွေ၊ မီးဟုန်းဟုန်းတောက်နေသော
သံဆူးပင်တွေသာ ပေါက်နေသည်။)-၁-

-၁- သံကိစ္စဇာတကပါဠိ

( ငရဲပြည်အကြောင်းသိကောင်းစရာမှ ပြန်လည်ကူးယူမျှဝေပါသည်။)

                                                                                    

Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်