လည်ချောင်းသီးဆိုတာ
နှာခေါင်း အနောက်ဘက်အာခေါင်နဲ့ ဆက်စပ်တဲ့ပြန်ရည်ကြော တစ်သျှူး
(ခန္ဓာကိုယ်ကို ရောဂါပိုး အန္တရာယ်မှကာကွယ်ပေးတဲ့တစ်သျှူး)တစ်ခုပါ။
မွေးခါစအချိန်မှာ အရွယ်သေးငယ်နေပြီး အသက် သုံးနှစ်အရွယ်မှာ စတင်ကာ ကြီးထွား
လာပါတယ်။ အကြီးမားဆုံး အနေအထားကို အသက်ရှစ်နှစ်အရွယ်မှာ ရောက်ရှိသွားပါတယ်။
လည်ချောင်းသီး ကြီးမားလာတာကြောင့် နှာခေါင်းနဲ့လည်ချောင်းကိုဆက်သွယ်ထားတဲ့
Eustachian ပိုက်လိုင်းပိတ်ဆို့သွားပြီး အတွင်းနား ရောင်ရမ်း (Otitis
Media)
လာတတ်ပါတယ်။
လည်ချောင်းသီးဟာ နှာခေါင်းမှ လည်ချောင်းတွင်းစီးဆင်းနေတဲ့ လေကြောင်းကိုလည်း ပိတ်ဆို့တဲ့အတွက် ကလေးငယ်ဟာ ပါးစပ်မှ တဆင့် အသက်ရှုရတတ်ပါတယ်။ ပါးစပ်မှ တစ်ဆင့် အသက်ရှုရတဲ့အတွက် အာသီး(tonsil)ပါကြီးမားလာပါတယ်။
ရောဂါလက္ခဏာ
ပါးစပ်မှတစ်ဆင့် အသက်ရှုခြင်း
နှာပိတ်နေခြင်း
ဟောက်ခြင်း
နှာခေါင်းသံနှင့် စကားပြောခြင်း
နားမကြားခြင်း
မကြာမကြာ အတွင်းနားရောင်ရမ်းတတ်ခြင်း
ရောဂါကြာချိန်
ပါးစပ်မှ အသက်ရှုရတာနဲ့ နှာခေါင်းပိတ်တာဟာ လနဲ့ချီပြီး ကြာတတ်ပါတယ်။
မကြာခဏ နားပိုးဝင်တာ ဒါမှမဟုတ် နားပင်းတတ်တာဟာ လပေါင်း ဒါမှမဟုတ် နှစ်တွေအထိ ကြာတတ်ပါတယ်။
ဘာကြောင့်ဖြစ်သလဲ
လည်ချောင်းသီးမှာ တာရှည်စွာ ရောဂါပိုးဝင်နေတာကြောင့်
နောက်ဆက်တွဲ ပြဿနာ
မကြာခဏ နားပိုးဝင်ခြင်းနဲ့ နားပင်းခြင်း
အိမ်မှာ ဘယ်လိုကုမလဲ
လည်ချောင်းသီးရောင်တာကို အိမ်မှာမကုသနိုင်ပါ။ ကလေးဘဝရဲ့ ပုံမှန်လုပ်ငန်း တစ်ခုသာ ဖြစ်တဲ့ အတွက် နောက်ဆက်တွဲ ပြဿနာမရှိရင် လျစ်လျှူရှုထားလိုက်ပါ။
ဆရာဝန်ကို ဘယ်အချိန်ပြမလဲ။
ကလေးနားကိုက်နေရင် ဒါမှမဟုတ် လေးငါးရက်ထက် ပိုကြာပြီး နားတစ်ဖက် ဒါမှမဟုတ် နှစ်ဖက်စလုံး နားမကြားဖြစ်နေရင်
တစ်လထက်ပိုပြီး နှာခေါင်းပိတ်နေရင်းနဲ့ ပါးစပ်ပိတ်ပြီး အသက်မရှုနိုင်ရင်
ဆရာဝန် ဘာလုပ်ပေးမလဲ
ပါးစပ်နဲ့ နှာခေါင်းကို စစ်ဆေးပေးပါမည်။
တစ်ကြိမ်မှာ နှာခေါင်းတစ်ပေါက်နဲ့ ဘယ်လောက်အသက် ရှုနိုင်မလဲဆိုတာ စစ်ဆေးမယ်။
နားကြားမှုကို စစ်ဆေးမယ်။
နား၊ နှာခေါင်းနဲ့ လည်ချောင်း အထူးကုထံ လွှဲပေးမယ်။
လည်ချောင်းသီးနဲ့ အားသီးကို ခွဲစိတ်ဖို့ လိုမလို ဆုံးဖြတ်ပေးပါမယ်။
ရောဂါ အခြေအနေ
ရှစ်နှစ်အရွယ်မှစတင်ပြီး လည်ချောင်းသီးအရွယ်ဟာ ပြန်ငယ်သွားသလို ရောဂါလက္ခဏာ နဲ့နောက်ဆက်တွဲ ပြဿနာတွေဟာလည်း လျော့နည်းသွားတတ်ပါတယ်။ ဒါ့ကြောင့် ခွဲစိတ်ဖို့ ရောဂါလက္ခဏာနဲ့ ကလေးရဲ့ အရွယ်ကိုကြည့်ပြီးမှ ဆုံးဖြတ်ရပါတယ်.
Mg Mandalay

(ကျန်းမာရေးအတွက် သိသင့်သည်များ စုစည်းထားမှု မှ ပြန်လည်ကူးယူမျှဝေပါသည်။)
0 comments:
Post a Comment