အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ထိုင်းနိုင်ငံအတွင်း မတည်ငြိမ်မှုများကြောင့် မြန်မာအလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်နှင့် အထောက်အထားထုတ်ပေးရေး One stop Service အစီအစဉ် ယာယီရပ်ဆိုင်း

ထိုင်းနိုင်ငံအတွင်း မတည်ငြိမ်မှုများကြောင့် မြန်မာအလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်နှင့် အထောက်အထားထုတ်ပေးရေး One stop Service အစီအစဉ် ယာယီရပ်ဆိုင်း

Written By MyanmarChnnel@ on Wednesday, December 18, 2013 | 10:06 PM

ထိုင်းနိုင်ငံအတွင်း မတည်ငြိမ်မှုများကြောင့် မြန်မာ အလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်နှင့် အထောက်အထားများ ထုတ်ပေးမည့် One stop Service Center ဖွင့်လှစ်မှုကို ယာယီရပ်ဆိုင်းထားကြောင်း ထိုင်းအခြေစိုက် မဲဆောက်နယ်စပ်အလုပ်သမားများ အဖွဲ့မှ ဦးမိုးကြိုး က ပြောကြားသည်။

ဒီဇင်ဘာ ၁၆ ရက်က ရန်ကုန်မြို့ရှိ ယုဒသန်ရိပ်သာ၌ ပြုလုပ်သည့် 'ရွှေ့ပြောင်းရေးရာနှင့် လူထုအကျိုးပြု အဖွဲ့များ အခန်းကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲ' ၌ ပြောကြားသည်။

ပြည်ဝင်ဗီဇာသက်တမ်း လေးနှစ်ပြည့်ပြီး သက်တမ်းကုန်ဆုံးနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား များ အတွက် ထိုင်း- မြန်မာနယ်စပ်ဒေသများဖြစ်သည့် မယ်ဆိုင် (တာချီလိတ်)၊ မဲဆောက် (မြ၀တီ)၊ ပူနရွန် (ထီးခီး)၊ ဆင်ဂေါင်း (မောတောင်) နှင့် ရနောင်း (ကော့သောင်း) မြို့များတွင် One stop Service Center များကို မကြာမီဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။

မြန်မာအစိုးရအနေဖြင့် ထိုင်းနိုင်ငံ ဗီဇာသက်တမ်းကုန်ဆုံးနေ သည့် မြန်မာရွှေ့ပြောင်း အလုပ်သမား များ နိုင်ငံကူးလက်မှတ်တွင် အ၀င်အထွက်ပြရုံဖြင့် ထိုင်းနိုင်ငံ၌ ဆက်လက်အလုပ်လုပ်ကိုင်ခွင့်ရရေး ဆက်စပ်လုပ်ငန်းများ ၊ နိုင်ငံကူးလက်မှတ် ပြောင်းလဲထုတ်ပေးမည့် လုပ်ငန်းများအတွက် မကြာသေးမီက ထိုင်းအစိုးရနှင့် သဘောတူညီမှုရရှိခဲ့ပြီး ဖြစ်သည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနအနေဖြင့် ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် တရားမ၀င်အလုပ်သမားများ တရားဝင်ဖြစ်ရေးအတွက် ထိုင်းနိုင်ငံအတွင်း ယာယီနိုင်ငံကူးလက်မှတ်များ ဖွင့်လှစ်ခဲ့ပြီး အထောက်အထားများ ထုတ်ပေးခဲ့ရာ ၂၀၁၃ ခုနှစ် သြဂုတ် အထိ မြန်မာရွှေ့ပြောင်း အလုပ်  သမား ၁ ဒသမ ၆ သန်း ကျော်အား အထောက်အထားများ ထုတ်ပေးပြီးဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား သုံးသန်းကျော်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံ မဟာချိုင်တွင် မြန်မာအလုပ်သမားများအား နိုင်ငံကူးလက်မှတ်များကို မြန်မာအရာရှိများက ထုတ်ပေးနေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇောလင်း)




 MWRN (lwan saung

http://lwansulay.blogspot.com/


Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်