အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ချောင်းဆိုး၊ ချွဲကျပ်၊ သလိပ်ကပ်များအတွက် ပင်စိမ်းရွက်

ချောင်းဆိုး၊ ချွဲကျပ်၊ သလိပ်ကပ်များအတွက် ပင်စိမ်းရွက်

Written By MyanmarChnnel@ on Monday, September 29, 2014 | 10:57 PM


မြန်မာ့ဆေးကျမ်းတွေထဲမှာ ပင်စိမ်းဖြင့် ကုသ၍ ပျောက်ကင်းနိုင်သော ရောဂါမျိုး (၄၀) ရှိကြောင်းကို ဖော်ပြ ထားကြပါတယ်။

အအေးမိခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုး၊ ချွဲကျပ်၊ သလိပ်ကပ်များကို ပင်စိမ်းဖြင့် မိမိတို့နေအိမ်တွင်းမှာ အလွယ် တကူ ကုသနိုင်ကြပါတယ်။

၁။ ပင်စိမ်းရွက် လက်တစ်ဆုပ်ခန့်ခူးယူ၍ ရေစင်အောင် ဆေးကျောကာထောင်း၍၄င်း၊ ကြိတ်၍၄င်း အရည်ရအောင် ညစ်ယူလိုက်ပြီး ရေကျက်အေးနှင့် သောက်ပါ။ တစ်နေ့ကို (၂) ကြိမ်သောက်နိုင်ပြီး ၃ ရက်ခန့်သောက်ပေးပါက ချောင်းဆိုး၊ ရင်ကျပ်၊ ချွဲသလိပ်များ ပျောက်ကင်းသက်သာစေပါမည်။

၂။ ပင်စိမ်းပွင့်ကို ဂျင်းခြောက်၊ ကြက်သွန်ဖြူတို့နှင့် ရောထောင်း၍ ပျားရည်စစ်စစ်နှင့် လျက်ပေးပါ က ချောင်းဆိုး၊ ပန်းနာ ရင်ကျပ်ရောဂါများကို ပျောက်ကင်းစေမည်။

၃။ ပင်စိမ်းရွက်ကို လတ်လတ်ဆတ်ဆတ်ခူးယူ၍ အစိုအတိုင်း ရေသုံးခွက် တစ်ခွက်တင် ကျို၍ သောက်ပေး ပါက အအေးမိ၊ တုပ်ကွေးရောဂါများ ချက်ချင်းသာပျောက်ကင်းစေပါမည်။ ဂျင်းအနည်းငယ် ထည့်ကျိုလျှင် ပိုကောင်းပါသည်။ ပျားရည်ရှိပါက အနည်းငယ်ထည့်သောက်နိုင်ပါသည်။
 
စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား ။ ။ အံ့မခန်း ပင်စိမ်းအစွမ်း၊ မြန်မာ့ဆေးကျမ်းများ

ကျန်းမာရေးသတင်းများ
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်