အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » သံဓာတ်ချို့တဲ့သူများ စားရမည့် အစားအစာများ

သံဓာတ်ချို့တဲ့သူများ စားရမည့် အစားအစာများ

Written By MyanmarChnnel@ on Monday, September 29, 2014 | 10:50 PM





သွေးထဲတွင် လုံလောက်သော သွေးနီဥအရေအတွက် မရှိခြင်းအဖြစ် လူသိပိုများသော သံဓာတ်ချို့ တဲ့မှုကြောင့် ကမ္ဘာတစ်ဝန်း အမျိုးသမီးသန်းပေါင်းများစွာ ဝေဒနာခံစားနေရကြောင်း ကျွမ်းကျင်သူများ က ပြောသည်။

အာဟာရလုံလောက်ခြင်းမရှိသဖြင့် အလွန်မောပန်းနွမ်းနယ်ခြင်း၊ စွမ်းအင်နည်းပါးခြင်းနှင့် အလုပ် စွမ်းဆောင်ရည် နည်းပါးမှုတို့ ဖြစ်စေသည်။ ယင်းပြဿနာများကို ဖြေရှင်းရန် သင်ပုံမှန်စားသော အစားအစာ များတွင် အောက်ပါအစားအစာများ ထည့်သွင်းစားသုံးလိုက်ပါ။

ဆန်လုံးညိုတွင်ပါဝင်သော သံဓာတ်က သွေးအားနည်းခြင်းကို တိုက်ဖျက်ပေးနိုင်ပြီး အမျှင်ဓာတ်က ခန္ဓာကိုယ် ထဲမှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်သည်။
မြင်းစားဂျုံတွင် သံဓာတ်အပြင် အခြားအာဟာရဓာတ်များစွာ ပါဝင်သည်။ နံနက်စာတွင် ဂျုံကြမ်းထည့်သွင်း စားသုံးခြင်းမှာ သံဓာတ်ချို့တဲ့မှုကြောင့် ဖြစ်နိုင်သော ကျန်းမာရေးဆိုးကျိုးများကို ကာကွယ်ရန် အကောင်းဆုံး နည်းလမ်းများအနက် တစ်ခုဖြစ်သည်။

အာလူးကို ကယ်လိုရီများသော ဟင်းသီးဟင်းရွက်တစ်မျိုးဟု လူ အများရှုမြင်ကြသော်လည်း သံဓာတ်ကြွယ်ဝ စွာပါဝင်သဖြင့် ပုံမှန်စားသော အစားအစာများတွင် ထည့်သွင်းစားသုံးပေးသင့်သည်။
ပန်းဂေါ်ဖီစိမ်းများကို အလွန်စားလိုစိတ်ပေါ်မှသာရွေးချယ်စား သောက်လေ့ရှိကြသော်လည်း သံဓာတ် ချို့တဲ့မှုဒဏ်ခံနေရသူများအတွက် အထူးကောင်းမွန်သော အစားအစာဖြစ်သည်။

                             စတော်ဘယ်ရီသီးများတွင် သံဓာတ်ပါဝင်သည့်အပြင် ခန္ဓာကိုယ်မှ သံဓာတ်ကို ပိုမိုစုပ် ယူနိုင်စေအောင် ဆောင်ရွက်ပေးသည့် ဗီတာမင်စီ လည်း ကြွယ်ဝစွာပါဝင်သည်။ အာဟာရဓာတ်များ စွာပါဝင်သော ပဲစေ့များမှာ သံဓာတ်ချို့တဲ့သူများ သံဓာတ်ဖြည့်တင်းရန် ကူညီပေးနိုင်သည်။ ဒေါက်ခွရွက်တွင် သံဓာတ်အပြင် ဗီတာမင်စီလည်း ပါဝင်သဖြင့် ခန္ဓာကိုယ်က သံဓာတ်စုပ်ယူနိုင်အောင် ကူညီပေးနိုင်သည်။ ဘိုကိတ်ပဲများတွင်လည်း သံဓာတ်ကြွယ်ဝစွာ ပါဝင်သည်။ ရွှေဖရုံစေ့များကို သရေစာအဖြစ် စားပေးခြင်းဖြင့် ခန္ဓာကိုယ်သံဓာတ်ကို မြှင့်တင်ပေးနိုင်သည်။
(JOI)


Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်