အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » မေး လိုက်ချင်တယ်

မေး လိုက်ချင်တယ်

Written By MyanmarChnnel@ on Thursday, December 19, 2013 | 7:08 PM



ခွဲခွာခြင်းက တို့နှစ်ယောက်အတွက်
ဖြေရှင်းရအခက်ဆုံး အရာတစ်ခုပေါ့
ခွဲရမှာကို ကြောက်ပေမယ့်
ခု ခွဲနေကြရတယ်။

ဝေးကွာခြင်းဆိုတာ တို့နှစ်ယောက်အတွက်
မလိုအပ်ဆုံးထဲက မလိုချင်ဆုံးတစ်ခုပေါ့
ဝေးရမှာကို ကြောက်ပေမယ့်
ခု တို့ ဝေးနေကြရတယ် ။

မျှော်လင့်ခြင်းဆိုတာ တို့နှစ်ယောက်အတွက်
အတူရှိနေခွင့်ကို ဆောင်ပေးစေချင်တဲ့အရာပေါ့
မျှော်လင့်ခြင်းတွေကို ဖြည့်ဆည်းချင်ပေမယ့်
ခုတော့ တို့နှစ်ယောက် မျှော်လင့်ရင်းနဲ့ နေကြရအုံးမယ်။

လွမ်းဆွေးခြင်းဆိုတာ
တစ်ခဏတွက်တောင် မလိုချင်ခဲ့ပေမယ့်
ဝေးကွာရတဲ့ဒီချိန်တွေမှာ အလွမ်းကို အဖော်ပြု
မျှော်လင့်ရင်းနဲ့ ခွဲခွာခြင်းကို ဖြေသိမ့်နေရတယ်။

ချစ်ခြင်းရဲ့အဆုံးသတ်က ပေါင်းစည်းခြင်းဆိုရင်
ဒီစည်းက ဘယ်လောက်ထိများ တို့နှစ်ယောက်ကြားမှာ
ဝေးကွာနေခဲ့တာလဲလို့ မေး လိုက်ချင်တယ် ... ။

လွမ်းဆုလေး
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်