အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ထပ်မပြုစားပါနဲ့တော့

ထပ်မပြုစားပါနဲ့တော့

Written By MyanmarChnnel@ on Thursday, December 19, 2013 | 7:29 PM


ပြန်ပြောစမ်းပါ နောက်တစ်ခွန်းလောက်
နင့်နှုတ်ခမ်းပါးပါးလေးက
ဒီလောက်ထိမာယာများတာ...

မာယာကိုမှ တမာမထင်ပဲ
ပျားရည်ပမာ ယုံစားခဲ့လို့
မှုန့်မှုန့်ကြေနေတဲ့ ငါ့အသဲတွေလဲ
ငါးစာအဖြစ် ကျွေးရတော့မယ်။

တစ်စစီဖြစ်နေတဲ့ ငါ့ရင်ခွင်ကို
မီးလောင်တိုက်သွင်း ပြာချဖို့ထိ
နင် စီစဉ်နေတာလား ။

ငါ့ ဆီမှာ ဘာဆိုဘာမှမကျန်တော့ပါဘူး
နင့် အတွက်အရာရာပေးဆပ်ခဲ့ပြီးပြီပဲ
ဘာများလိုနေသေးလို့လဲ ။

နင် လှည့်စားသမျှ အပေါက်ပေါက်နဲ့
စကာကျနေတဲ့ ငါ့ နှလုံးသားတွေကို
နင် ထပ်မပြုစားပါနဲ့တော့ ။

လွမ်းဆုလေး
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်