အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူများနေ့အခမ်းအနား@နေပြည်တော် ရုပ်သံများ

အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူများနေ့အခမ်းအနား@နေပြည်တော် ရုပ်သံများ

Written By MyanmarChnnel@ on Thursday, December 19, 2013 | 7:34 PM








မြန်မာရွှေ့ပြောင်း လုပ်သားများသည့် စင်ကာပူနှင့် အရှေ့အလယ်ပိုင်းဒေသ ကူဝိတ်တို့တွင် အလုပ်သမား 

သံအရာရှိ ထားရှိမည်


မြန်မာအလုပ်သမား အများအပြား သွားရောက် အလုပ်လုပ်ကိုင်နေသည့် စင်ကာပူနိုင်ငံ အပါအ၀င် 



အရှေ့အလယ်ပိုင်း ဒေသဖြစ်သော ကူဝိတ်နိုင်ငံတို့တွင် အလုပ်သမား သံအရာရှိ ထားရှိသွားမည်



 ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး 



ဦးအေးမြင့်က ပြောကြားသည်။



ဒီဇင်ဘာ ၁၈ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် ''အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း အလုပ်သမားနေ့'' 


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးမှ ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန အနေဖြင့် မြန်မာအလုပ်သမား အများဆုံး 

သွားရောက် လုပ်ကိုင်သည့် ထိုင်းနိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ မလေးရှား နိုင်ငံတို့တွင် အလုပ်သမားများ၏ 

အခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရန်အတွက် အလုပ်သမား သံအရာရှိ (Labour Attache) 

ထားရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။



''ပြည်ပမှာ သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေ အနေနဲ့ ပြဿနာ တစ်စုံတစ်ရာ

 ဖြစ်ပွားခဲ့ရင် မြန်မာအလုပ် သမားတွေဘက်က ရပ်တည်ပေးနိုင်အောင်လို့ ဒီလို စီစဉ်ပေးတာပါ။

 ပြီးတော့ မြန်မာနိုင်ငံကို ပြန်လာလိုတဲ့ အလုပ်သမား တွေကိုလည်း ကူညီပေးလို့ ရအောင်ပါ'' ဟု 

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က

 ပြောကြားသည်။



အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံအချို့သို့ မြန်မာအလုပ်သမားများ တရားဝင် သွားရောက် လုပ်ကိုင်ခွင့်

 မပြုထားသော်လည်း ကာတာ၊ ဒူဘိုင်းတို့ အပါအ၀င် အစ္စရေး၊ ဆော်ဒီ၊ ဂျော်ဒန်၊ ကူဝိတ် နိုင်ငံတို့တွင်

 မြန်မာအလုပ်သမား အများအပြား ရောက်ရှိနေသည့် အတွက် ယခုကဲ့သို့ အလုပ်သမား 

သံအရာရှိထားရန် 

စီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။



လက်ရှိတွင် မြန်မာရွှေ့ပြောင်းလုပ်သား အနေဖြင့် ထိုင်း၊ မလေးရှား၊ စင်ကာပူနှင့် ယူအေအီး နိုင်ငံများ 

အပါအ၀င် နိုင်ငံပေါင်း ၁၅ နိုင်ငံတွင် ပြောင်းရွှေ့လုပ်ကိုင် လျက်ရှိရာ ၁၉၉၀ ပြည့်နှစ်မှ ၂၀၁၃

 နိုဝင်ဘာလအထိ ပြည်ပအလုပ်အကိုင် အေဂျင်စီများမှ တစ်ဆင့် တရားဝင် အလုပ်သမား စေလွှတ်သည့်

 အလုပ်သမားဦးရေ ၁ ဒသမ ၈ သန်းကျော်ရှိပြီး တရားမ၀င် သွားရောက် လုပ်ကိုင်နေသည့် 

အလုပ်သမားများလည်း အများအပြား ရှိနေကြောင်း သိရသည်။



                                                     http://lwansulay.blogspot.com/ 

Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်